အပိုင်း ၁၅
အစ်ကို ဒီမှာလေ…ပထမပညာသင်နှစ်ကာလ နောက်ဆုံးစာမေးပွဲက နီးကပ်လာပြီဖြစ်တာကြောင့် ကျောင်းဝန်းကြီးတစ်ခုလုံးရဲ့အခြေအနေက ပိုပြီးတင်းမာလာပြီးတော့ အသည်းအသန်တွေ ဖြစ်နေကြသည်။ ကျောင်းသားတွေက အုပ်စုတွေဖွဲ့ကာ မိုးချုပ်တဲ့အထိ စာစလုပ်နေကြပြီ။ ကလပ်အများစုက သူတို့လှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားသည်။ ရေကူးပြိုင်ပွဲက ဒီဇင်ဘာလထဲမှာ ရှိနေတာတောင် ရေကူးကလပ်က သူတို့ရဲ့လေ့ကျင့်ကြတဲ့ချိန်ကို လျော့ချထားသည်။ ကျောင်းသားတွေက စာကြည့်တိုက်ထဲတင်မက အပြင်က ခုံဝိုင်းလေးတွေပါမကျန် အပြည့်နီးပါး ဖြစ်နေသည်။ ကျောင်းဧရိယာအတွင်းမှာ ရှိတဲ့ကန်တင်းထဲက ထိုင်ခုံတွေတောင် အပြည့်ပင်။ သေချာတာပေါ့… Phamတို့အုပ်စုလည်း စာစုလုပ်ဖို့ ထိုင်ခုံရှာခဲ့ရသည်။
စီးပွားရေးမေဂျာက သူငယ်ချင်းသုံးယောက်နဲ့ စာပေမေဂျာက ကောင်မလေးတစ်ယောက်တို့က တက္ကသိုလ်အရှေ့က ၂၄နာရီဖွင့်တဲ့ ကဖေးဆိုင်လေးမှာ စုပြီး စာလုပ်နေကြသည်။ သူတို့ အရှေ့မှာရှိနေတဲ့ဖန်ခွက်ထဲက ရေခဲတွေက အရည်တောင် ပျော်နေပြီ။ ဒီနေ့ သူတို့ နေ့လည်နှစ်နာရီအထိ အတန်းတက်ခဲ့ရသည်။ အတန်းပြီးတာနဲ့ သူတို့ အခုလိုမျိုး စာစုလုပ်မယ်ဆိုပြီး တိုင်ပင်ခဲ့ကြတာဖြစ်သည်။
'ငါ ဘာမှမမှတ်မိတော့ဘူးဟာ!'
Teamက ခေါင်းကို အသည်းအသန်ကုတ်လိုက်ပြီးတော့ သူ့စာအုပ်ပေါ်မှာ ရေးထားတဲ့ဂဏန်းတွေကို စာရွက်တွေ တွန့်ကြေသွားသည်အထိ ခဲဖျက်နှင့် ဖျက်လိုက်သည်။ နောက်ဆုံးတော့ သူ လက်မြှောက်အရှုံးပေးလိုက်သည့်အနေနှင့် စားပွဲပေါ်သို့ မှောက်အိပ်လိုက်ကာ…
'Delရဲ့ဘာသာတွေက ဂဏန်းတွေမပါတာ ကံကောင်းတယ်'
ထိုစကားကို ကြားလိုက်ရတော့ စာပေမေဂျာက ကောင်မလေးတစ်ယောက်က နည်းနည်း စိတ်သက်သာရာ ရသွားသည်။ ဒါပေမယ့် သူမ ကျက်ရမယ့် စာအုပ်အထူကြီးတွေကို နက်နဲသောအကြည့်နှင့် ကြည့်လိုက်သည်။
Phamက သူ့ကြည့်ရမယ့်စာကို ကြည့်ပြီးသွားပြီဖြစ်တာကြောင့် ခဏလောက်နားတဲ့အနေနှင့် ဖုန်းကို သုံးနေမိသည်။ သူ သူ့ရဲ့သူငယ်ချင်းဖြစ်သူကို ကြည့်လိုက်ပြီးတော့ ဖုန်းပေါ်ပေါ်လာသည့်မက်ဆေ့ခ်ျကိုသာ ပြန်ကြည့်လိုက်သည်။ သူ အလုပ်ရှုပ်နေတဲ့အတောတွင်းမှာ သူနဲ့P'Deanရဲ့ပုံတွေက တွင်တွင်ကျယ်ကျယ်ပြန့်နှံ့နေပြီ။ ManNowဆိုတဲ့ ကောင်မလေးကလည်း လျို့ဝှက် Chatting Groupတစ်ခုမှာ သူ့ကို ထည့်ထားသည်။ ထိုထဲက သူတွေက သူဘယ်သူလဲဆိုတာတော့ မသိကြ။ အဲ့ဒါကြောင့် Pham သူတို့ပို့သမျှ အကုန်ဖတ်လို့ရပြီးတော့ သူနဲ့P'Deanရဲ့ လီမီတက်အက်ဒီရှင်ပုံတွေကိုလည်း တွေ့ရသည်။ သူတို့ ဘယ်ကနေ ဘယ်လိုရတာလဲဆိုတော့ မသိပေမယ့် မြင်လိုက်တဲ့ Phamအဖို့တော့ အရမ်းအံ့သြနေမိသည်။ ဒါပေမယ့်လည်း သူ အခုထိ အဲ့ထဲမှာ ဝင်ပြီး စကားပြောနေတုန်း။ အဲ့အုပ်စုထဲမှာ မိန်းခလေးတွေချည်းဘဲ ရှိတာမဟုတ်။ ယောကျာ်းလေးတော်တော်များများလည်း ပါသည်။
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot