အပိုင်း ၂၇
'ဦးလေး…'
Phamနဲ့ Sinက တစ်ပြိုင်နက်တည်း ပြောလိုက်မိတယ်။ သူတို့မှာ နောက်ထပ်ဦးလေးရှိတယ်ဆိုတာ သူတို့မှမသိတာ… အထူးသဖြင့် Sinက သူ့အဖေကို အကြီးဆုံးသားလို့ ထင်နေခဲ့တာ…
'အဖေ့မှာ အစ်ကို ရှိသေးတာလား'
Sinမျက်မှောင် ကြုတ်ထားလိုက်မိတယ်။ သူ မွေးလာခဲ့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်ကတည်းက အဖေက တူဖြစ်သူအကြောင်းအပါအဝင် အခြားအကြောင်းတွေကို တစ်ခါမှ မပြောဖူးဘူး။
Kritက ကော်ဖီခွက်ကို ယူပြီး သောက်လိုက်ကာ သူ့အရှေ့က ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြောရင်ကောင်းမလား။ မပြောရင်ကောင်းမလားဆိုပြီး တွန့်ဆုတ်နေမိတယ်။ သူ ဆံပင်ကို သပ်တင်လိုက်ပြီးတော့ သူ့ရဲ့ဖြူဖွေးနေတဲ့လက်ကို စိုက်ကြည့်လိုက်မိတယ်။ ဖန်ခွက်တွေကို ဆုတ်ကိုင်ထားတဲ့Phamရဲ့လက်နှစ်ဖက်က ဘာအကြောင်းပြချက်မှ မရှိပါဘဲနှင့် တုန်ရီနေတယ်။
ဦးလေးKritရဲ့မျက်လုံးတွေက သူ မတွေ့ရတာကြာနေပြီဖြစ်တဲ့ တစ်စုံတစ်ယောက်ရဲ့မျက်လုံးတွေနဲ့ ခပ်ဆင်ဆင်… သူ့အဖေတော့ မဖြစ်နိုင်… အဲ့ဒါဆို ဘယ်သူလဲ။ အဲ့ဒီ တစ်စုံတစ်ယောက်ဆိုတာ ဘယ်သူလဲ။
'အင်း… အဖေ့မှာ အစ်ကိုတစ်ယောက်ရှိတယ်'
နောက်ဆုံးတော့ သူ ကလေးတွေ ပြောဖို့ ဆုံးဖြတ်လိုက်တယ်။
'အိုဟိုး… အဲ့ဒါဆို သူ့ကို ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ'
Sinက သံသယဖြစ်နေတဲ့စိတ်နှင့် မေးလိုက်တယ်။ ဘာလို့လဲဆိုတော့ သူမှတ်မိသလောက်ဆို အဖေရဲ့ညီလေးက သေသွားပြီလေ… အထူးသဖြင့် ဦးလေးKardကို အဖေကိုယ်တိုင် သဂြိုလ်ပေးခဲ့တာ…
'အနည်းဆုံး အိမ်မှာ တစ်ခေါက်လောက်တော့ တွေးဖူးရမှာပေါ့'
Kritက လက်ကို ဝှေ့ပြလိုက်ပြီးတော့ ဝန်ထမ်းတစ်ယောက်ကို ခေါ်ကာ ငွေရှင်းလိုက်တယ်။ ပြီးတဲ့အခါမှာ ချက်ချင်းထရပ်လိုက်တာကြောင့် ကျန်တဲ့ကလေးနှစ်ယောက်ပါ သူ့အနောက်က လိုက်လာခဲ့ကြသည်။ သူ့ရဲ့တောက်ပတဲ့မျက်လုံးတွေထဲမှာ ဝမ်းနည်းရိပ်တွေ… အရမ်းပင်ပန်းနေတဲ့အငွေ့အသက်တွေကို မြင်နေရတယ်။
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot