အပိုင်း ၃
'ဟုတ်ကဲ့ အမေ... သား အဆင်ပြေပါတယ်'
တနင်္ဂနွေမနက်ခင်းမှာတော့ ကောင်ငယ်လေးတစ်ယောက်က မီးဖိုချောင်ထဲမှာ အမေဖြစ်သူကို ဗီဒီယိုကော ခေါ်ကာ စကားပြောနေရင်း အလုပ်ရှုပ်နေသည်။ အချိုတည်းမုန့်တွေရဲ့ ချိုစိမ့်နေတဲ့မွှေးရနံ့တွေက သရေကျအောင် လုပ်နေသလိုပင်။ သစ်သားစားပွဲခုံလေးပေါ်မှာ ပုံစံခွက်အသေးလေးတွေ တင်ထားတဲ့ ငွေလင်ဗန်းတစ်ချပ်ရှိသည်။ Phamကတော့ အောင်မဲညိုပန်းပွင့်တွေနဲ့အရောင်ဆိုးထားတဲ့ မုန့်သားလေးတွေကို ခွက်တစ်ခွက်ချင်းစီတိုင်းမှာ ဖြည်းဖြည်းလေး လောင်းထည့်နေသည်။
'သား ဘာလို့ ဒီနေ့ အစောကြီးထပြီး မုန့်လုပ်နေတာလဲ'
ခွက်အသေးလေးတွေ တစ်ခွက်ဆီကို မုန့်သားတွေကို သေချာထည့်နေတဲ့ သားဖြစ်သူကို စိုက်ကြည့်ရင်း မေးလိုက်သည်။
'သား စားချင်လာလို့ အမေ... ပြီးတော့ သူငယ်ချင်းတွေအတွက်လည်း ပါတယ်'
Pham ခွက်တွေအားလုံးထဲ ဖြည့်ပြီးသွားတဲ့အခါမှာတော့ ကျန်တာတွေ ဆက်လုပ်ဖို့ ပြင်လိုက်သည်။ ဒယ်အိုးထဲသို့ အုန်းသီးခရင်မ်၊ ဆန်မှုန့်နဲ့အတူ ဆားအနည်းထည့်လိုက်ပြီး အဖြူရောင်မုန့်သားဖြစ်လာသည်အထိ မီးအပူပေးကာ နှံ့အောင်မွှေလိုက်သည်။ Pham သူ့ရဲ့လက်မောင်း ပြုတ်ထွက်မတက် မွှေပြီးတဲ့နောက်မှာ သူလိုချင်တဲ့ အနေအထားရလာပြီ။ ထိုမုန့်သားတွေကို ပုံစံခွက်လေးထဲ ထည့်လိုက်ရင်း အပေါ်တွက် ရွှေရောင်သန်းနေသော ပဲစေ့လေးတွေကို ဖြူးလိုက်သည်။
'ထိုင်းမုန့်တွေကို လုပ်ရတာ ခက်တယ်လို့ ဘယ်သူပြောတာလဲ'လို့ Phamမကျေမနပ်ရေရွတ်ပြီး ပြုံးလိုက်မိသည်။ ဌက်ပျောရွက်က ရှာရတာခက်တာကြောင့် မသုံးလိုက်ရတာ... မဟုတ်ရင် မုန့်တွေက ဒီထက်ပိုမွှေးပြီး ဒီထက်ပို အရောင်လှသွားမှာ...
'အမေက အဲ့မုန့်တွေကို လွမ်းနေတာ'
'တကယ်လို့ Phoomလုပ်တယ်ဆိုရင်လေ… သူ့ကို အရင်ဆုံးမြည်းခိုင်းလိုက် အမေ'
Phamက ရယ်ကာ ပြောနေမိသည်။ ဘာလို့လဲဆိုတော့ သူ့ညီဖြစ်သူ Phoomက မုန့်တွေကို မလုပ်တက်ဘူး။ ဒါပေမယ့် သူကြော်တဲ့ ထမင်းကြော်ကတော့ အကောင်းဆုံးဘဲ... သူတို့သားအမိနှစ်ယောက် အတော်ကြာသည်အထိ စကားတွေပြောခဲ့ကြသည်။ အမေက စားသောက်ဆိုင်အတွက် ပြင်စရာရှိတာ ပြင်ရတော့မှာဖြစ်တာကြောင့် သူတို့စကားပြောနေတာကို ရပ်လိုက်သည်။ အမေ ဖုန်းချလိုက်တာနဲ့ သူ အထီးကျန်နေသလို ခံစားလိုက်ရသည်။ သူ မုန့်သားတွေကို စနစ်တကျထည့်ပြီးတဲ့နောက်မှာ အအေးခံထားလိုက်သည်။ ပြီးတော့ ထိုမုန့်လေးတွေကို ဘူးလေးတွေထဲ စီထည့်ကာ ရေခဲသေတ္တာထဲ ထည့်လိုက်သည်။
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot