အပိုင်း ၈
အဲ့ဒီနေ့ကနေစပြီးတော့ ရေကူးကလပ်ခေါင်းဆောင်က ထိုင်းရိုးရာမုန့်အဖွဲ့ဝင်လေးPhamရဲ့အိမ်မှာလုပ်တဲ့ မနက်စာကလပ်မှာ အမြဲတမ်းအဖွဲ့ဝင်အဖြစ်ရှိနေသည်။ Phamရဲ့ကားပြင်တာ မရသေးတဲ့အချိန်ထိပေါ့... Phamရဲ့ရင်ဘတ်ကြီးက ပြည့်ကျပ်လာသလို ခံစားလိုက်ရတာကြောင့် ရင်ဘတ်ကို လက်နဲ့ဆုတ်ကိုင်လိုက်သည်။ သူ P'Deanအကြိုက် မနက်စာမီနူးကို ချရေးနေရင်း သူ့ရဲ့နူတ်ခမ်းလေးတွေက တစ်ချိန်လုံးပြုံးနေသည်။ ဒီအတိုင်း သာမန် မနက်စာလေးအတူတူစားပြီး ကျောင်းလေးအတူတူသွားတာလေးကို…
ဒါပေမယ့် သူ သေမတက် အရမ်းပျော်ရွင်သလို ခံစားနေရသည်။
'ဘာတွေ တစ်ယောက်တည်း တိုးတိုးလေးပြောနေရတာလဲ'
P'Oomရဲ့အသံက ရုတ်တရက် ထွက်ပေါ်လာပြီးတော့ သူမလက်ထဲမှာရှိနေတဲ့ စာရွက်လိပ်လေးနဲ့ သူ့ခေါင်းကို အသာလေးရိုက်လိုက်သည်။
Phamက သူ့ခေါင်းကို အသာလေးကုတ်လိုက်ပြီးတော့ ပြုံးပြလိုက်သည်။ သူ သရုပ်ဆောင်ကလပ်အတွက် ဆွေးနွေးနေတဲ့အစည်းအဝေးထဲ ရောက်နေတယ်ဆိုတာ မေ့သွားတာဘဲ...
'ဒီအတိုင်း ပြုံးပြီးထိုင်နေတယ်။ ဘာကြည်နူးစရာတွေ ရှိလို့လဲ။ ဟမ်...'
P'Oomက သူမရဲ့တံတောင်ဆစ်ကို မှီရင်း သူ့ကို တိတ်တဆိတ်ကြည့်နေတာ... သူကတော့ နီရဲနေတဲ့ ပါးပြင်နှစ်ဖက်ကို ပွတ်လိုက်ပြီး ဘာမှ ပြန်မဖြေမိခဲ့...
'အိုကေ... အဲ့ဒါဆို ကိုယ့်ဘာသာကိုယ် အရင်ဆုံးမိတ်ဆက်ကြတာပေါ့...'
ဟင်းချက်ကလပ်ရဲ့ခေါင်းဆောင်ကတော့ အခန်းထဲမှာရှိတဲ့သူတွေကို လှုံ့ဆော်ရန်အတွက် လက်ခုပ်တီးပြီး ပြောလိုက်သည်။
'ဒါကတော့ အစ်မတို့နဲ့အတူ တစ်ပတ်တိတိသင်ကြားကြမယ့် သရုပ်ဆောင်ကလပ်က သရုပ်ဆောင်တွေပါ'
ခေါင်းဆောင်ဖြစ်သူရဲ့ဘေးနားမှာတော့ နက်မှောင်နေတဲ့ဆံပင်အရှည်နဲ့ ကောင်မလေးတစ်ယောက်ရှိနေသည်။ သူမက ဟင်းချက်ကလပ်အဖွဲ့ဝင်တွေရဲ့အလယ်တည့်တည့်မှာရှိနေပြီး မျက်နှာက ပြုံးထားသည်။ သူမက လှတယ်။ အရာအားလုံးကို ကြံ့ကြံ့ခံနို်င်တဲ့မိန်းခလေးတစ်ယောက်လိုမျိုး ကြည့်ကောင်းသည်။ ဒါပေမယ့် သူမရဲ့ဆွဲဆောင်မှုအရှိဆုံးအရာကတော့ သူမရဲ့မျက်လုံးတွေ ဖြစ်သည်။
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomansThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot