အဖေ့ရဲ့မိသားစု

734 36 0
                                    

အပိုင်း ၂၆

အခန်းပိုင်ရှင်လေးက အိပ်ယာပေါ်မှာ ရှိနေတုန်း… တောက်ပနေတဲ့နေရောင်ခြည်က လိုက်ကာစကို ဖြတ်သန်းလာပြီး သူ့ရဲ့မျက်လုံးတွေပေါ် ကျရောက်လာသည်။ သူ နည်းနည်းလောက်လှုပ်ရှားမိလိုက်တော့ သူ့ရဲ့ကျောဘက်မှာ ရှိနေတဲ့နွေးထွေးမှုကို ခံစားလိုက်ရတယ်။ ထို့အတူ သူ့ကို သန်မာတဲ့လက်တွေက ကြီးမားလှတဲ့ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားစေတဲ့အထိ ပွေ့ဖက်ထားတယ်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကျိုးပဲ့နေသလိုမျိုး ခံစားလိုက်ရသည်။

'ဗိုက်ဆာနေပြီလား'

သူ့ရဲ့နားရွက်နားကပ်ပြီးပြောလာတဲ့ ခပ်အောအောအသံလေးနှင့်အတူ ပူနွေးနေတဲ့ဝင်လေထွက်လေတွေက သူ့ရဲ့ပါးပြင်ပေါ် ရိုက်ခက်လာသည်။ ထိုအထိအတွေ့လေးက သူ့ကို ယားယံစေတာကြောင့် သူ့ရဲ့လည်ပင်းတွေကို ကြုံ့ထားလိုက်မိတယ်။ ကောင်ငယ်လေးက ခေါင်းညိမ့်ပြလိုက်ပြီး အနမ်းခံလိုက်ရတဲ့အချိန်မှာတော့ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ Deanက ကောင်ငယ်လေးရဲ့နှဖူးနှင့် လည်ပင်းကို စမ်းပြီးတဲ့အခါမှာ စိတ်အေးသွားရတဲ့ပုံစံနှင့် သက်ပြင်းခချလိုက်မိတယ်။ အနည်းဆုံးတော့ ကောင်ငယ်လေးမှာ အဖျားမရှိဘူးလေ…

'ခဏစောင့်… အစ်ကို ဆန်ပြုတ်သွားဝယ်ပေးမယ်'

ကံကောင်းစွာနဲ့ဘဲ Phamရဲ့ကွန်ဒိုအရှေ့မှာ လိုချင်တဲ့အရာတွေ ဝယ်လိုရနိူင်တဲ့စတိုးဆိုင်ရှိနေသည်။ အရပ်ရှည်ရှည်နဲ့ကောင်လေးက နည်းနည်းလောက်ရွေ့လိုက်ပြီး ထဖို့လုပ်ပေမယ့် သူ့ရဲ့လက်မောင်းတွေက အဆွဲခံလိုက်ရတယ်။ အဲ့ဒါကြောင့် မျက်ခုံးတွေကို ပင့်တင်လိုက်ပြီးတော့ မေးခွန်းမေးမယ့်အစား ပါးပြင်တွေနီရဲနေတဲ့ကောင်ငယ်လေးကိုသာ ကြည့်နေလိုက်မိတယ်။ ကောင်ငယ်လေးက အရမ်းပေကပ်နေတဲ့ပုံစံဖြစ်နေတာကြောင့် သူ ခါးလေးကို ကိုင်းလိုက်ပြီးတော့…

'အမ်…'

Pham နီးကပ်လာတဲ့မျက်နှာကို တွန်းထုတ်ဖို့ ကြိုးစားလိုက်ပေမယ့် Deanက သူ့ကို နမ်းလာတာကြောင့် အသက်ရှုလို့ မရခဲ့… ဗလာဖြစ်နေတဲ့အသားချင်း ထိတွေ့မိတာ ခဏလောက်ဘဲဆိုပေမယ့် မနိူးသင့်တဲ့အရာကို နိူးလိုက်သလိုဖြစ်သွားတယ်။

The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)Where stories live. Discover now