အပြုံး

747 66 0
                                    

အပိုင်း ၇

နာရီကတော့ ငါးနာရီခွဲကို ညွှန်ပြရန်အတွက် ရွေ့လျားနေသည်။ ဒီအခန်းပိုင်ရှင် စီးပွားရေးမေဂျာကကျောင်းသားလေးကတော့ ကုတင်ပေါ်မှာ ထိုင်နေသည်။ ထိုကောင်လေးက alarmမမြည်ခင် တစ်နာရီလောက်ကတည်းက နိူးနေတာ... ဘာလို့လဲဆိုတော့ ထိုကောင်လေးက အရမ်းစိတ်လှုပ်ရှားပြီး အိပ်လို့ မပျော်တာကြောင့် ဖြစ်သည်။ P'Deanက သူ့ကို မနက် ခုနစ်နာရီလာကြိုမှာ... နောက်ဆုံးတော့ သူ မျက်နှာသစ်ပြီး မနက်စာကို ပြင်ဖို့အတွက် မီးဖိုချောင်ထဲသို့သွားလိုက်သည်။ သူ နိူးလာတဲ့အခါတိုင်း စားစရာတစ်ခုခုကို အမြဲတမ်းရှာနေကြ...

Phamကတော့ ရေခဲသေတ္တာကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ ရေခဲသေတ္တာထဲမှာတော့ ဝက်သွေးတုံးနှင့် ပြန်တည်လိုက်ရုံသာ အဆင်သင့်ရှိနေတဲ့ စွပ်ပြုတ်တို့ကို တွေ့လိုက်ရတာကြောင့် Phamက လုပ်ရတာလွယ်တဲ့ ဝက်သွေးစွပ်ပြုတ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်မိသည်။ သူ စွပ်ပြုတ်အရည်ကို မီးဖိုပေါ်တင်ကာ နွှေးထားလိုက်ပြီး မုန်လာဥနဲ့ ဆားကိုထည့်ကာ အနံ့မွှေးလာတဲ့အထိ ဆူအောင်တည်ထားသည်။ အဲ့အချိန်မှာ စွပ်ပြုတ်အိုးထဲထည့်ဖို့အတွက် အရသာထည့်ပြီးနှပ်ထားတဲ့ ဝက်သားတွေကို လှီးလိုက်သည်။ ဝက်သွေးတွေကိုတော့ သေချာရေဆေး ပြင်ဆင်ပြီးတော့ ဒီအတိုင်း ခဏထားထားသည်။

စွပ်ပြုတ်အိုး ဆူလာတာနဲ့ လှီးထားသော အသားတွေကို ထည့်လိုက်သည်။ အားလုံးလုပ်ပြီးသွားတဲ့အခါမှာ ကောင်လေးက ဘူးညွန့်ရွက်နဲ့ ပြုတ်ထားတဲ့ ဝက်သွေးတို့ကို ထည့်ကာ ခဏစောင့်လိုက်ပြီး ရပြီဆိုတာနဲ့ ပန်းကန်လုံးအကြီးတစ်ခုထဲသို့ လှယ်ထည့်လိုက်သည်။ အဲ့ဟင်းချိုပန်ကန်လေးကို ထမင်းစားခန်းထဲမှာ ရှိနေတဲ့ နှစ်ယောက်လောက် ထမင်းထိုင်စားလို့ရတဲ့ စားပွဲခုံလေးပေါ် တင်လိုက်သည်။

စွပ်ပြုတ်အိုး ဆူလာတာနဲ့ လှီးထားသော အသားတွေကို ထည့်လိုက်သည်။ အားလုံးလုပ်ပြီးသွားတဲ့အခါမှာ ကောင်လေးက ဘူးညွန့်ရွက်နဲ့ ပြုတ်ထားတဲ့ ဝက်သွေးတို့ကို ထည့်ကာ ခဏစောင့်လိုက်ပြီး ရပြီဆိုတာနဲ့ ပန်းကန်လုံးအကြီးတစ်ခုထဲသို့ လှယ်ထည့်လိုက်သည်။ အဲ့ဟင်းချိုပန်ကန်လေးက...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)Where stories live. Discover now