အပိုင်း ၁၈
မှတ်ဥာဏ်များသီချင်းဆိုနေတဲ့အသံကျယ်ကျယ်လေးက နူးညံ့ချိုသာနေပြီးတော့ မိန်းမောပျော်ဝင်ချင်စရာကောင်းတဲ့အငွေ့အသက်တွေကို ဖန်တီးနေသည်။ နားထောင်နေတဲ့သူရဲ့ တစ်ကိုယ်လုံးကို နွေးထွေးမှုတွေနဲ့အတူ စီးဝင်သွားစေသည်။ နူတ်ခမ်းလေးတွေအချို့က သံစဉ်နှင့်အတူလိုက်ပါပြီး ညည်းနေမိသည်။
'မင်းကြောင့် ဆိုတာနော်…'
တိတ်ခွေဖွင့်နေတဲ့ အရပ်ရှည်ရှည်နဲ့ကောင်လေးက အိပ်ယာပေါ်က အိပ်နေတဲ့သူ့ချစ်သူလေးကို လှည့်ကြည့်လိုက်သည်။ သူက တိတ်ခွေဘူးလေးကို ဖွင့်လိုက်ပြီး သီချင်းစာသားစာရွက်လေးကို ယူလိုက်ကာ သီချင်းနာမည်ကို ကြည့်ဖို့အတွက် ထိုစာရွက်လေးကို ဖြန့်ချလိုက်သည်။ ဘယ်လိုစာသားတွေက မှတ်မိစေပြီး သူ့ကိုကြိုက်နှစ်သက်စေရတာလဲ။
ဘယ်အရာကိုမှ ဂရုမစိုက်တက်တဲ့ကောင်လေးက အခုတော့ အခြားကောင်ငယ်လေးတစ်ယောက်ရဲ့ ကြိုက်တက်တဲ့အရာတွေကို နည်းနည်းချင်းစီ လေ့လာနေခဲ့မိသည်။ ပြီးတော့အခါမှာတော့ မှတ်ဥာဏ်လို့ခေါ်တဲ့အရာထဲသို့ သိမ်းဆည်းထားသည်။
Kornက အိပ်ယာနားသို့ လျောက်လာပြီး ထိုအိပ်ယာနံဘေးမှာ ထိုင်လိုက်သည်။ သူ့ရဲ့ကြီးမားတဲ့လက်က ကောင်ငယ်လေးရဲ့နူးညံ့တဲ့ဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်ကာ N'လေးကို ထပ်ပြီး အိပ်ပျော်သွားအောင် သိပ်နေမိသည်။ Intouchကတော့ မျက်လုံးတွေ မှိတ်လိုက်ပြီး အပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
သူ အဲ့လိုခံစားချက်မျိုးကို အရမ်းကြိုက်တယ်။
…
'ဟင့်…'
ရင်ခွင်ထဲက ကောင်ငယ်လေးဆီကနေ ရှိုက်သံတိုးတိုးလေးထွက်လာတာကြောင့် Dean ပိုပြီး တင်းကြပ်စွာဖက်ထားလိုက်သည်။ စိမ်းညိုရောင်မျက်လုံးလေးတွေက နှိပ်စက်ခံထားရသလို မျက်ရည်တွေ မရပ်တမ်းကျဆင်းပြီး အဆင်မပြေဖြစ်နေတဲ့ ကောင်ငယ်လေးရဲ့မျက်နှာကို ကြည့်နေမိသည်။
'ရှုး… မငိုနဲ့တော့…'
ထိုအသံတိုးတိုးလေးနှင့်အတူ နူးအိနေတဲ့ပါးပြင်ပေါ်သို့ ညင်ညင်သာသာလေး ထိတွေ့လိုက်သည်။ ကြီးမားတဲ့လက်က ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း အကြောက်တရားတွေဆီကနေ နိုးထလာဖို့အတွက် နိုးနေမိသည်။ Deanက ခေါင်းကို အသာလေးအောက်သို့ ရှောချလိုက်ကာ နဖူးလေးပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်ပြီး မျက်ရည်တွေကို ပြန်သုတ်ပေးနေမိသည်။
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot