မိသားစု

617 62 0
                                    

အပိုင်း ၉

ကောက်ရိုးမှိုပွင့်ကြီးဟင်းရဲ့ရနံ့က အခန်းငယ်လေးထဲမှာ ပျံ့လွင့်နေသည်။ မနက်အစောပိုင်းအချိန်လေးမှာတော့ အခန်းပိုင်ရှင်လေးက ပုံမှန်လာစားနေကြ ဧည့်သည်ကောင်လေးကို ကျန်းမာစေတဲ့မနက်စာတွေနဲ့အတူ ကြိုဆိုနေသည်။

Deanက ဒီအတိုင်း ထိုင်နေပြီးတော့ မီးဖိုချောင်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ချက်ပြုတ်နေတဲ့ ကောင်ငယ်လေးကို ကြည့်နေမိသည်။ ထိုကောင်ငယ်လေးက ချက်နေရင်း အိုးထဲက တစ်ဇွန်းနှိုက်ပြီး မြည်းလိုက်ကာ နှစ်ခြိုက်စွာ ပြုံးနေတာကို မြင်လိုက်တော့ Deanလည်း လိုက်ပြုံးလိုက်မိသည်။ ချက်ချင်းဆိုသလို ဆန်ပြုတ်တစ်ခွက်က စားပွဲပေါ်သို့ အဆင်သင့်ရောက်လာသည်။

'အရသာရှိတယ်'

Deanစားနေရင်း အသံတိုးတိုးလေးနဲ့ ပြောလိုက်မိသည်။ သူ Phamကိုမြောက်ပင့်ပြောတာမဟုတ်… ဟင်းတွေက တကယ့်ကို အရမ်းအရသာရှိလွန်းနေတာ…

'Phamက ဟင်းချက်တဲ့နေရာမှာ တော်သားဘဲ…'

နားထောင်နေတဲ့ကောင်ငယ်လေးက ရှက်ရှက်နဲ့ဘဲ ပြုံးလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်ပြောလိုက်သည်။

'တကယ်တော့ ကျွန်တော်က ပိတ်ထားတဲ့အမေ့ရဲ့စားသောက်ဆိုင်ကို ပြန်ပြီး ဆက်ဖွင့်ချင်တာ……'

'သြော်… ဒါနဲ့ Phamက ဘာလို့စီးပွားရေးမေဂျာကို ယူခဲ့တာလဲ' Deanက စားနေရင်းနဲ့ မေးလိုက်မိသည်။

'ကျွန်တော့်အဖေရဲ့ဆန္ဒပါ။ ပြီးတော့ ကျွန်တော်လည်း သဘောကျလို့…'

တောက်ပနေတဲ့မျက်လုံးတွေက အချင်းချင်းစိုက်ကြည့်နေကြသည်။

'ကျွန်တော့်အဖေက ဆုံးသွားပြီလေ… အဖေ့အတွက် တစ်ခုခုလုပ်ပေးချင်လို့…'

Phamရဲ့အသံက အနည်းငယ်ကျယ်သွားခဲ့သည်။

Deanကတော့ Phamရဲ့ဟင်းချက်လက်ရာကို စွဲလမ်းနေပြီဆိုတာကိုတော့ ဝန်ခံရလိမ့်မည်။

'P'Deanက ဘာလူမျိုးလဲ'

'အစ်ကို့အမေက အရှေ့အလယ်ပိုင်းက… အဲ့မှာ လူမျိုးတွေအများကြီးရှိတယ်။ ဒါပေမယ့် အစ်ကို တစ်ခါမှ အမေ့ရဲ့ဆွေမျိုးတွေနဲ့ မတွေ့ဖူးဘူး။ အမေ့မှာလည်း မောင်နှမတွေလည်း မရှိဘူးလေ… ဒီမျက်လုံးကာလာကလည်း…'

The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)Where stories live. Discover now