ရေပေါ်အိမ်မှ ပုံပြင်လေးတစ်ပုဒ်...

924 41 0
                                    

အပိုင်း ၂၂

ခြောက်နာရီခွဲအချိန်မှာ ကောင်းကင်ကြီးတစ်ခုလုံးက မဲမှောင်နေတုန်း… ပတ်ဝန်းကျင်တစ်ခုလုံးက မဲမှောင်နေပြီးတော့ မီးတိုင်ရဲ့အလင်းရောင်တစ်ခုတည်းကသာ ထွန်းလင်းနေသည်။ အခု တက္ကသိုလ်ဝန်းထဲက ကားပါကင်မှာတော့ ရေကူးကလပ်အဖွဲ့ဝင်၁၆ယောက်က စုဝေးနေကြပြီး လူအယောက်၂၀ဆန့်တဲ့မီနီဘတ်စ်ပေါ်သို့ သူတို့ရဲ့အထုတ်တွေနှင့် လိုအပ်သည့်ပစ္စည်းတွေကို တင်ကာ အလုပ်ရှုပ်နေကြသည်။

ကလပ်မန်ဘာမဟုတ်တဲ့Phamကတော့ လွယ်အိတ်လေးကို လွယ်ပြီး မတ်တပ်ရပ်နေကာ အစားအစာတွေ ထည့်ထားတဲ့ဖော့ဘူးကြီးတွေကို ကားပေါ်တင်နေတာကို ကြည့်နေမိသည်။ သူတို့တွေက  တစ်လလောက် မိုးခေါင်တော့မှာကြောင့် အစားအစာတွေကို ဝယ်စုထားသလိုမျိုး ဖော့ဘူးကြီးတွေက အများအပြား… P'Deanက ခရီးသွားတဲ့အခါမှာ ကသိကအောက်ဖြစ်လိမ့်မယ်လို့ သူ့ကို ပြောလာတာကြောင့် Pham ဒီနေ့အတွက် မုန့်တွေ မလုပ်ခဲ့ပါ။ သူတို့ ဂတ်စ်ဆိုင်မှာ နားကြရဦးမယ်။ ဒါပေမယ့်လည်း Phamတို့က ထမင်းချက်ပြုတ် စားထားကြပြီးသားဖြစ်တာကြောင့် အသီးတစ်ချို့ကို ယူလာခဲ့ဖို့ကို ဆုံးဖြတ်ခဲ့တာ… ခုနစ်နာရီထိုးခါနီးအချိန်မှာတော့ ကလပ်ခေါင်းဆောင်က ခရီးစထွက်ဖို့အတွက် လူတိုင်းကို လိုက်ပြီး ကားပေါ်သို့ တက်ခိုင်းနေသည်။

'P'Dean…'

Phamစောနလေးတင်မှ ကားဒရိုင်ဘာနဲ့စကားပြောပြီးတဲ့ကောင်လေးကို ခေါ်လိုက်သည်။ ဘာလို့လဲဆိုတော့ သူ ဘယ်နေရာမှာ ထိုင်ရမလဲဆိုတာမသိ… သူငယ်ချင်းဖြစ်သူTeamကို မေးလိုက်သော်လည်း သူက ကလပ်ခေါင်းဆောင်ကို စောင့်ပြီးမေးဖို့ ပြောလာသည်။

'ကားပေါ်တက်တော့လေ…'

Deanက သူ့ကို ကားပေါ်တွန်းတင်လိုက်ပြီးတော့ သူ့အနောက်ကနေ လိုက်လာခဲ့သည်။ ဒါပေမယ့် သူ ကားပေါ်သို့ ခြေတစ်လှမ်းချလိုက်တဲ့အခါမှာ ကားပေါ်က ကလပ်မန်ဘာတွေအားလုံးက သူတို့လုပ်နေတာတွေကို ရပ်လိုက်ပြီး လေချွန်သံတွေ… အံ့သြသင့်နေတဲ့အသံတွေနှင့် သူ့ကို ကျယ်လောင်စွာ ကြိုဆိုနေကြတာကြောင့် Phamမျက်နှာပူလာခဲ့သည်။

The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)Where stories live. Discover now