အပိုင်း ၁၁
ရင်းနှီးနေပြီဖြစ်တဲ့ အမဲရောင်ကားလေးက ကွန်ဒိုလေးရဲ့အပြင်သို့ ဦးတည်ကာ ထွက်ခွာသွားသည်။ ကောင်လေးတစ်ယောက်ကတော့ အနောက်ကနေ လက်ကို ပြကာ နူတ်ဆက်နေပြီး လုံးဝကို နက်ရှိုင်းစွာပြုံးပြနေသည်။ ပြီးတဲ့အခါမှာတော့ ထောင်လျက်ရှိနေတဲ့လက်က ခေါင်းနောက်သို့ရောက်သွားပြီး ခေါင်းတစ်ခုလုံး ရှုပ်ပွသွားအောင် လုပ်ပစ်လိုက်သည်။ ပြီးတော့ လမ်းလျောက်နေတာကို ရပ်လိုက်ပြီး သူ ဘာလို့ ဒီလိုလုပ်မိတာလဲဆိုတာကို ပြန်မေးနေမိသည်။
'အစ်ကို ဂျယ်လီငါးသုတ်စားချင်လား'
Phamရေ… မင်း ဘာတွေလုပ်လိုက်မိတာလဲ!!!
ထိုကောင်လေးက သူ့ရဲ့တုံးအမှုအပေါ် ဝမ်းနည်းစွာ အပြစ်တင်မိနေတာကြောင့် သူ့အဖြစ်ကို သူတောင် မရယ်နိူင်ဖြစ်နေသည်။ ဒီနေ့ P'Deanက သူ့ကို ရေအောက်ပြတိုက်ကို ခေါ်သွားခဲ့တယ်။ အဲ့အကြောင်းကို ပြန်တွေးမိရင် သူ့ရဲ့ပုခုံးတွေတောင် တုန်ရီနေတုန်း… ငါးပူတင်းအကြောင်း တွေးမိပြန်ရင်လည်း စိတ်ကောက်နေမိပြန်သည်။ စိတ်က အရမ်းရှုပ်ထွေးနေတာကြောင့် အိမ်ကိုအပြန် ထိုင်းရိုးရာစားသောက်ဆိုင်မှာ ဝယ်ကျွေးတဲ့ညနေစာကိုတောင် ထိချင်စိတ်ပျောက်တယ်။ သေချာတာပေါ့… ညနေစာရဲ့အဓိကဟင်းလျာက ဂျယ်လီငါးသုတ်လေ…
ဟူး… ဂျယ်လီငါးကို အရမ်းမုန်းတာဘဲ…
အင်း…
ထိုကောင်လေး အတွေးမြစ်ထဲ မျောနေရာကနေ နိူးထလာတဲ့အခါမှာတော့ သူ ဓာတ်လှေကားအရှေ့သို့ ရောက်နေပြီ။ ထိုကောင်လေးက ဓာတ်လှေကားအဝမှာရှိနေတဲ့ အိတ်အကြီးကြီးသယ်ထားတဲ့ လူတစ်ယောက်ကို ပြုံးပြလိုက်ပြီးတော့ အရင်ဝင်ခွင့်ပြုလိုက်သည်။ ကြည့်ရတာ Phamထက်တော့ အသက်ကြီးပုံရသည်။ Pham သူအရှေ့မှာ ရှိနေတဲ့ဓာတ်လှေကားတံခါးပိတ်တော့မလိုဖြစ်သွားတဲ့အခါမှာတော့ မျက်လုံးတွေ ပြူးသွားခဲ့သည်။
'ခဏလေး စောင့်ပါဦး ခင်ဗျ!'
ကံကောင်းစွာနဲ့ဘဲ ဓာတ်လှေကားထဲက လူကကြားပြီး တံခါးမပိတ်သွားအောင် အထဲမှာရှိနေတဲ့ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ Phamက လျင်မြန်စွာနဲ့ဘဲ ခပ်မြန်မြန်ဝင်လိုက်ပြီးတော့ သူ့ကို ကူညီတဲ့သူရဲ့မျက်နှာကို ကြည့်လိုက်ကာ…
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot