Part/1

706 15 3
                                    

မနက်ခင်းနေရောင်လဲ့လဲ့က ပြတင်းပေါက်လိုက်ကာကိုကျော်လွန်ကာ မျက်နှာနုနုပေါ်ကိုကျရောက်လာ‌တာကြောင့် နိုးထလာခဲ့ရသည်။ သို့သော် ပျင်းရိနေတဲ့စိတ်ကြောင့် အိပ်ရာမှာသာ ဆက်လက် ကွေးနေခဲ့၏။

*ဒေါက် ဒေါက်~

" အကိုလေး မနက်စာအဆင်သင့်ဖြစ်နေပါပြီ"

"လာပြီ"

အခန်းအပြင်ဘက်မှအိမ်အကူကောင်မလေးရဲ့အသံကြားလို့ ကုတင်ပေါ်မှာမှောက်လျက်သားကနေ ခပ်လေးလေးဖြင့် လှမ်းသာအော်လိုက်ပြီး လူကမျက်လုံးမဖွင့်ရသေး။

"ဟို သခင်ကြီးက အရေးကြီးပြောစရာရှိလို့ အမြန်လာဖို့-"

*ဒုန်းး!!

" လာပြီလို့ပြောနေတယ်လေ!!"

ထပ်‌ကာပြောလာတဲ့ ကောင်မလေးအသံမဆုံးခင် ဘေးနားက စာကြည့်စားပွဲမှ စာအုပ်တစ်အုပ်နှင့်ကောက်ထုကာ အော်လိုက်တယ်။ သက်သက်ရိုင်းစိုင်းခြင်းမဟုတ်။ အတွေးထက်လက်ကမြန်တတ်တဲ့သူ့အကျင့်ကြောင့်လုပ်မိခြင်း။

လာပြီပြောနေတာကို နားမလည်ဘူးလား..!

အခန်းအပြင်ဘက်က အသံထပ်မထွက်လာတော့မှ သူခေါင်းထောင်ကြည့်မိသည်။

ဘယ်လိုပဲ အကန်လုပ်နေပါစေ သခင်ကြီးကခေါ်ခိုင်းတယ်ဆိုတော့ ထုံးစံအတိုင်းပေါ့။ စိတ်မပါလက်မပါလဲ ကုန်းရုန်းထကာရေချိုးခန်းထဲ၀င်ပြီး ကိုယ်လက်သန့်စင်လို့ထွက်လာခဲ့ရ၏..။မဟုတ်ရင်ဒီထက်ပိုနားငြီးအောင်အပွားခံရနိုင်သည်။

ထမင်းစားခန်းထဲရောက်တော့တစ်အိမ်လုံးခေါ်ကြတဲ့သခင်ကြီးနဲ့ သူရဲ့မွေးသမိခင်က အရင်ရောက်နှင့်နေပြီ။ ထမင်းစားပွဲမှာ၀င်ထိုင်ပြီးသည်အထိ တိတ်ဆိတ်နေတတ်တာက ဒီအိမ်ရဲ့ရိုးရာ..။

တွေးကြည့်တော့သူကိုယ်တိုင်ကလည်း အထွေအထူးပြောစရာမှမရှိလေပဲ။ ကျန်တဲ့လူကြီးနှစ်ယောက်လည်း ဒီလိုပဲဖြစ်မှာပေါ့။

အစောပိုင်းက ပြောစရာရှိတယ်ဆိုတဲ့ ‌အခေါ်တော်ပါးစကားကြောင့် အရှေ့ရှိ များပြားလှသည့်မနက်စာများထဲမှ စတော်ဘယ်ရီယိုသုတ်ထားတဲ့‌ပေါင်မုန့်တစ်ချပ်ကိုကောက်စားရင်း နားစွင့်နေလိုက်သည်။ မေမေကနွားနို့ထည့်ထားတဲ့ဖန်ခွက်ကို သူ့အနား ပြုံးလို့တိုးပေးသည်။

HIDDEN FEELINGS {Complete}Where stories live. Discover now