ဆေးရုံမှာမနေချင်တော့ဘူးလို့ အတင်းငြင်းနေတဲ့အတွက် ဂျောင်ကုနဲ့ဖွားမှာ ဘယ်လိုမှပြောမရတဲ့အဆုံး hyungကိုအိမ်ပြန်ခေါ်လာရသည်။ တီလေးကတော့ အနုတ်ပြနေသောရှယ်ယာ၀င်စာရင်းကြောင့် သူတို့ဘက်ကိုလှည့်နိုင်မှာမဟုတ်။
"ဘိုမီ..ဘိုမီ"
ဟူဒီအသားရောင်ကို၀တ်ထားပြီး ဘောင်းဘီပေါင်တိုနဲ့ အပေါ်ထပ်မှပြေးဆင်းလာသူက တစ်အိမ်လုံးက လူမမာလို့သတ်မှတ်ထားသူသာ။ ဧည့်ခန်းထဲမှာ ဂျောင်ကုmacbookတစ်လုံးနဲ့ အလုပ်ရှုပ်နေတာကိုမြင်ပုံမပေါ်။ မျက်မှန်အပေါ်မှကျော်ကာကြည့်လိုက်တော့ ဂျောင်ကုနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပါတယ်။
ငွေမင်ရောင်ဆံပင်များကိုအပေါ်တစ်၀က်အား မြှောက်ကာစုစည်းထားသည်။ အင်္ကျီပွပွကြီးက ရှည်ရုံတင်မက လက်ချောင်းများထိပင်မြုပ်လို့နေ၏။ ထမင်းစားခန်းထဲသို့ ဘိုမီရဲ့နာမည်ကိုတကြော်ကြော်အော်ခေါ်ကာ လုံးခနဲပြေး၀င်းသွားပုံက မသိရင်အင်္ကျီကြီးပဲလွင့်လာသလို။
ဖြူ၀င်းသောအသားအရေနှင့်ဤမျှချစ်စရာကောင်းသောလူသားကို ဘယ်သူကမချစ်ပဲနေမှာတဲ့လဲ။
"ဘိုမီက ဖွားနဲ့ခြံထဲလိုက်သွားတယ်hyung..ဘာလိုချင်လို့လဲ"
နောက်ကလိုက်လာတဲ့ဂျောင်ကုဖြေပေးတော့ မျက်မှောင်တစ်ချက်ကုတ်ကာ နှုတ်ခမ်းကိုထော်ပစ်လေသည်။ အလိုမကျဖြစ်သွားပုံပါပဲ။ ကလေးဆန်လွန်းတဲ့အပြုအမူနဲ့ တကယ်ကိုသူ့ထက်အကြီးလို့ ယုံနိုင်ဖွယ်မရှိ။
"ငါ အသီးစားချင်လို့.."
"ဘယ်အသီးစားချင်တာလဲ"
"ပန်းသီးစားချင်တယ် စပျစ်သီးလဲစားချင်တယ် ဘယ်ရီသီးလဲစားချင်တယ် ငှက်ပျောသီး ဖရဲသီး Lichee ပြီးတော့.."
လက်များကိုချိုးရေတွက်ရင်းပြောနေတယ်။ စဉ်းစားမရနိုင်တော့တဲ့အခါ ရေခဲသေတ္တာကိုဆွဲဖွင့်ကာလျှောက်ကြည့်သည်။ ဂျောင်ကုမရယ်မိအောင်ကြိုးစားထားရပါသည်။
"ဟုတ်ပြီ လောလောဆယ်ပန်းသီးအရင်စားလိုက်လေ..ကျနော်အခွံနွှာပေးမယ် ရလား"
YOU ARE READING
HIDDEN FEELINGS {Complete}
Hayran Kurgu{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||