ပြက္ခဒိန်တွေထဲက ပြဿဒါးတို့ ရက်ရာဇာတို့က အလကားထားတာမဟုတ်မှန်း ဂျောင်ကု ဒီနေ့တော့လုံး၀ကို ယုံသွားရပြီ..။မနက်က ထယ့်လုပ်ရပ်ကြောင့် လူကစိတ်လွတ်သွားပုံများ ခြေမကိုင်မီလက်မကိုင်မီ မနည်းစိတ်ငြိမ်အောင်လုပ်ထားကာမှ လီယာမကိုလည်း သွားကြိုပို့ ပေးရပြန်သည်။
ပြန်ရောက်လို့ ကောင်းကောင်းနားမယ်ကြံကာရှိသေးတယ် တစ်ပတ်တစ်ခါပို့လာတဲ့ ရုံးချုပ်က စာရင်းတွေစစ်ရပြန်ရော..။ပင်ပန်းလွန်းလို့ ပစ်ခတ်သာ အနားယူလိုက်ချင်နေပြီ။ ဟူးးးသေချာတယ်ဒီနေ့က ပြဿဒါးမဟုတ်ရင်တောင် ဂျောင်ကုအတွက်ရက်ရာဇာမဟုတ်ဘူး..။မပြီးရင်လည်းမဖြစ်တာမို့ အလုပ်ထဲကိုသာ စိတ်နှစ်ထားစဉ်
*Ring Ring~
မြည်သံကြောင့် ကြည့်လိုက်တော့ တစ်မနက်လုံးဖုံးဖိထားခဲ့ရတဲ့ ရင်ဘက်က ထဝုန်းဒိုင်းကြဲရပါသည်။ စိတ်ကသာ ကတုန်ကယင်ဖြစ်ရတာ လက်က ဖုန်းကိုacceptလုပ်ပြီးသွားပြီ ။ အော် အကျင့်လေ..အကျင့်။
"ထယ်..နေ့လည်စာ စားပြီးပြီလား"
ဒီလူ့နှုတ်က အကျင့်ဖြစ်နေတော့ စိတ်ပူပြီးမေးတဲ့မေးခွန်းတို့က အလိုလိုထွက်ကျလာရော။
ဒါတင်မဟုတ်ဘူး..ဂျောင်ကုရဲ့ အရာရာက
ထယ်ယောင်းဆိုတဲ့လူသားအတွက်ဆို အပြုအမူအားလုံးက ဖျောက်ဖျက်မရအောင်ရိုက်သွင်းထားသလား ထင်ရသည်အထိစွဲထင်နေတာ။မနေတတ်သူက ဖွင့်ဟလာတဲ့စိုးရိမ်သံမေးခွန်းတွေကို တစ်ဖက်လူက ပြန်မဖြခဲ့။ ခုန်နေတဲ့ရင်ဘက်ကပင်တိခနဲ ငြိမ်လို့၊ ဖုန်းထဲကအသံကို နားစိုက်ကြည့်တော့ လေတိုးသံများသာ ကြားနေရသည်။ ထိုအခါမှ ပိုတိုးလာတဲ့စိုးရိမ်စိတ်ကြောင့် မေးခွန်းတွေက ဆက်တိုက်မေးမိပြန်၏..
"ထယ်..အဆင်ပြေရဲ့လား..
မဟုတ်မှ ပြိုင်ကွင်းရောက်နေပြန်ပြီလား ထယ်"ကျစ်!
ထယ်ဟာလေ ဂျောင်ကုကိုဆိုမျိုးစုံကြိုးခုန်အောင်လုပ်နိုင်တယ်..အရှိန်နှုန်းကိုသာ အဓိကထားရတဲ့ အဲ့လိုပြိုင်ပွဲကြီးတွေကိုဘာမှမပြောချင်ပေမယ့်
ထယ့်အတွက်စိတ်ပူသည့်အခါ ဂျောင်ကု အဲ့ပြိုင်ပွဲဆိုတာကြီးတွေကို တကယ်သဘောမကျတော့ဘူး။ မနိုင် နိုင်ရာမဲတယ်ပြောပြော။
ပြီးတော့ မှတ်မိပါသေးတယ်..ထယ်တစ်ခါ၀င်ပြိုင်တာ သူ့အဖေသိသွားလို့အပြစ်ပေးတာတဲ့လေ
ထယ့်လက်မှာ အရှိုးရာကြီးတွေနဲ့ ဂျောင်ကုဆီ ရောက်လာခဲ့တာကို..။
YOU ARE READING
HIDDEN FEELINGS {Complete}
Fiksi Penggemar{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||