Part/43

119 9 0
                                    

ရိုက်နှက်ထုခွဲသံတွေ..
မလှုပ်မရှက်ရပ်တန့်လျှက် တစ်ခွန်းတစ်လေမှ ၀င်ရောက်တားဆီးနိုင်ခွင့်မရှိသူတွေ..
ဆူညံခြင်းများက clubတစ်ခုအတွင်းမှလာ၏။

အသံတွေငြိမ်သွားပြီထင်ရတဲ့အချိန်မှာ ရွိုင်းက ခြေသံလုံလုံဖြင့် သူ့အနားတိုးကပ်သွားလိုက်သည်။

"မင်းအကြွေးကျေပြီ။ နောက်ထပ် ငါတို့ပတ်သက်မှုမရှိတော့ဘူး ရွိုင်း"

ထိခိုက်မိသည့်လက်က ဒဏ်ရာဟာသွေးစက်လက်နဲ့ မနာကျင်သလို။ ထိုစကားပြောပြီး ထယ်ယောင်းဟာ ရင်ဘတ်ကလွတ်နေတဲ့ကြယ်သီးအချို့ကိုတပ်တယ်။ သွေးစတွေက ထိုအင်္ကျီကော်လံအထိပါ ရဲစွန်းသွားသည်။

"မင်းစိတ်‌ကျေနပ်တဲ့အထိ ငါခွင့်ပြုထားနိုင်တာကို ငါတို့ရဲ့ခင်မင်ရင်းနှီးမှု အဆုံးရှုံးခံနေရမလား"

"စိတ်ကျေနပ်ချင်လို့ လုပ်တာမဟုတ်ဘူး.."

လေသံဟာ လိမ်ညာပြောဆိုနေခြင်းမဟုတ်တာသေချာ၏။

စုတ်ပြတ်သတ်သွားတဲ့အခန်းက သူ့ဘ၀ကြီးလောက် စိတ်ကုန်စရာကောင်းမှာမဟုတ်ဘူး။ ဒါကိုဘယ်လိုလုပ် သူ့စိတ်ကျေနပ်တယ်ပြောရမှာလဲ။

အရှိန်နှုန်းကျော်လွန်တဲ့အခါ ကင်းလှည့်ရဲကားများရဲ့ အချက်ပေးသံဆူဆူတွေနားထဲတိုး၀င်လာတယ်။ ဂရုမမူတဲ့သူ့ရဲ့မဲ့ပြုံးတစ်ခုကို လှလှကြီးပန်ဆင်ပြီး ကားအရှိန်ကို မလျှော့ပဲဆက်မောင်းလာခဲ့သည်။

ကင်းလှည့်ကားက ဘယ်လိုကျန်ခဲ့လဲ ဘယ်မှာကျန်ခဲ့လဲ ဘာကြောင့်လဲဆိုတာတွေ မတွေးတော့။ ဒါပေမယ့် ပျင်းစရာကောင်းလွန်းသွားပြန်သည်။

*ချောက်!!

အခန်းမီးရောင်က အလွန်လင်းထင်းသွားတာကြောင့် အိပ်ပျော်ခါနီးJakeမှာတစ်ဖန်နိုးလာရသည်။

" အမေ့!! "

ကုတင်ခြေရင်းမှ ဖရိုဖရဲနဲ့လူတစ်ယောက်က Jakeအား စိုက်ကြည့်နေသည်။ Jake သရဲ မကြောက်တတ်။ ထိုလူက ကင်မ်ထယ်ယောင်းဖြစ်နေတာကိုတော့ ကြောက်ပါ၏။

" သူလာလား "

"ဟင် ဘယ်သူ.."

သေချာကြည့်မှသွေးတွေဟာ အတော်များများခြောက်ကပ်နေတဲ့ကြားမှ တစ်စက်စက်နှင့်ကြမ်းပြင်ကိုနီရဲနေစေသည်။

HIDDEN FEELINGS {Complete}Where stories live. Discover now