တွေ့ရတဲ့ ကျောပြင်ငယ်။ ဒီတစ်သက် သူ့အိမ်မက်ဆိုးထဲမှာ ထိုအရာက အမြဲနေရာယူသွားပါလိမ့်မည်။
နောက်ကျောက ခြေသံကြောင့် ဂျီမင်လှည့်ကြည့်တယ်။
"Hyung.."
"ဂျောင်ကု.."
"Hyungက ကျနော့်လက်ထပ်ပွဲကို ဒီလိုမျိုး လာဂုဏ်ပြုတယ်နော်.."
တိတ်ဆိတ်သွားသူသည် အတန်ကြာတော့ အားနာသွားသလိုဖြင့်။
"ဒီနေ့ရယ်လို့ မသိခဲ့ပါဘူး။ ဒီကိုရောက်လို့ စုံစမ်းကြည့်တော့မှ သိလိုက်ရတာ.. အခုဆို မင်းအပိုင်ဖြစ်နေပြီပဲ။ hyungကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့ရင် စိတ်ရင်းနဲ့တောင်းပန်ပါ့မယ်.."
"သေချာပေါက် အနှောင့်အယှက်ဖြစ်တာပေါ့။ ဘာမှမလုပ်ခင်က သေချာစဉ်းစားသင့်တယ်မလား။ အိမ်ထောင်တစ်ခုတည်ထောင်ပြီး ကလေးတစ်ယောက်ရဲ့ဖအေဖြစ်တော့မယ် အရင်လိုလုပ်ရပ်တိုင်းက ဆင်ခြင်မှုမရှိသေးဘူး.."
ရှက်ရွံ့မှု၊ ခံပျင်းဒေါသ၊ မဟုတ်တမ်းတရား စွပ်စွဲမှုတွေကြောင့် သူ့ရင်မှာလှိုင်းထန်လာ၏။ သို့သော် ဂျောင်ကုပြောတာမမှားလို့ တုံ့ပြန်ခွင့်မရှိ။
"လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ် ကုကီ.."
"ဟက်! တကယ်ဂုဏ်ပြုတယ်ဆို ဒီနေရာကနေ လှည့်ပြန်သွားလိုက်ပါလား hyung.."
ဂျီမင်က မမျှော်လင့်ထားစွာ တုန်လှုပ်သွားလေသည်။ ဒါပေါ့.. သူများအပိုင်ကို ဘာများမျှော်လင့်ရဦးမှာလဲ..!
ဆွဲထုတ်ခဲ့သမျှအစတွေ ပြန်ရုတ်သိမ်းလို့ လှည့်ပြန်ရုံပဲပေါ့..!
"တောင်းပန်ပါတယ် ဂျောင်ကု.."
ထိုမျှပြောပြီး ပြန်သွားမယ်လုပ်တဲ့လူကို ဂျောင်ကုက စူးရှစွာစိုက်ကြည့်တယ်။ ပြီးတော့ ပေါက်ကွဲလုမတတ်သူ့ဒေါသတွေကို ကမ္ဘာမြေကြီးထံသာ ပုံချပစ်လိုက်၏။
အမြဲအလျှော့ပေးတတ်တဲ့ပုံက သူ့အားသာချက်..!
"အရှုံးသမားလို လုပ်နေတာတော်ပါတော့! ကျနော်ကပဲ လူဆိုကြီးဖြစ်အောင် လုပ်နေတာတွေရပ်ပါတော့!"
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||