Part/22

65 6 1
                                    

ရှုပ်ထွေးလွန်းတဲ့အ‌ထိအတွေ့များဟာ ခြေချင်း၀တ်အထိ တင်းကျပ်စွာရစ်နွယ်ထားသည်။ မမြင်ရသော်လည်းခံစားမိ၏။ အမြဲမြင်တွေ့နေကြအမှောင်ထုကို နေသားကျနေပေမယ့်အခုရောက်နေတဲ့အမှောင်ဟာ စိမ်းသက်နေသည်ဟု ထင်နေသည်။ ရုန်းထွက်ကြည့်တယ်။ ဘယ်လိုမှမရ။ တဖြည်းဖြည်းရစ်တက်လာသည်က သူ့ရဲ့ခါးအထိပါအနွယ်တွေရောက်လာခဲ့သည်။ သို့သော် နူးညံ့သောတုပ်နှောင်ထားခြင်းက အံ့အားသင့်ရုန်းကန်မှုကိုရပ်တန့်စေပြန်၏။

အမြဲမြင်မက်နေကြအိမ်မက်လိုမွန်းကျပ်မှုမပေးသော်ငြား နိုးထလို့မရသည်ကတော့ အခက်အခဲတစ်ခုဖြစ်မြဲသာ။

"ယောင်း.."

ကျောပြင်မှကြက်သီးမွှေးညှင်းများထပြီး နှလုံးအိမ်ဟာတစ်ဆက်ဆက်တုန်ခါနေတော့သည်။ လက်ဖျားကကျဉ်ထုံလာကာ သွေးကြောများရဲ့စီးဆင်းမှုကို မထိန်းချုပ်နိုင်တော့လို့ အထိအတွေ့‌တွေကိုခံစားလို့မရတော့။

"ယောင်း.."

အိမ်မက်..ဤအရာဟာ အိမ်မက်ဟုကောင်းကောင်းကြီးသိနေပါလျှက်ထိုခေါ်သံရဲ့ပိုင်ရှင်အား မြင်ချင်လွန်းရပါသည်။ သူဘယ်လောက်တောင်စောင့်မျှော်နေခဲ့ရလဲ။ ဘယ်သူ့မှပြောပြခွင့်မရှိ၊တိုင်ကြားခွင့်မရှိတဲ့ကြားက ဘာမှလက်ဆုပ်လက်ကိုင်မရှိတာတောင် တိတ်တိတ်ကလေးမျှော်နေခဲ့ရပါ၏။

"ယောင်း.."

တော်ပါတော့။ ဘာလို့အိမ်မက်တိုင်းဟာ သူ့ကိုရှေ့ဆက်နိုင်စွမ်းတွေ ကုန်ဆုံးစေရတာလဲ။ ဘာလို့အမြဲရပ်တန့်ဖို့တောင်းဆိုနေရတာလဲ။ ပြန်ပျောက်ကွယ်သွားပြီး ဘယ်လိုမှဖမ်းဆုပ်ခွင့်မပြုနိုင်ရင် အတုအယောင်တွေဘာတစ်ခုမှ လာမပေးပါနဲ့မင်။

ထုတ်မပြောတတ်တဲ့သူက အမြဲမျှော်လင့်ချက်သိပ်ကြီးတတ်လွန်းလို့ပါ။

"ထွက်သွား!! ကျနော့်ကို ထားသွားအုံးမယ့်ခဗျားလည်း ထွက်သွား!!"

"ယောင်း..ကိုယ် ယောင်းအနားပဲနေတော့မှာပါ.."

ဝိုးတဝါးအသံတွေဟာ သူ့နားထဲမှာဗလုံးဗထွေးနဲ့။ တုပ်နှောင်မှုတွေဟာနည်းနည်းလေးမှ လျော့မသွား။ ကြည့်ရတာထိုအသံတွေဆီကို ထယ်ယောင်းပြေးထွက်သွားမှာ စိုးရိမ်နေပုံပါပဲ။ ကျေးဇူးတင်မိပါတယ်။ ထိန်းချုပ်မနိုင်တဲ့မင့်ဆီကို သူလိုဆိုပြေးသွားမိမယ်ထင်တယ်။ အညင်သာဆုံးရစ်နွယ်တားဆီးထားပေးလို့ ကျေးဇူးပါ။

HIDDEN FEELINGS {Complete}Where stories live. Discover now