Part/41

111 9 0
                                    

ဂျောင်ကုက သူ့အလုပ်သူသွားရတဲ့အချိန်များမှာ ထယ်‌ယောင်းအား ရွိုင်းက ဒဏ်ရာဆေးလိမ်းပေးရသည်။ ကျန်တဲ့အချိန်မှာ ဂျီမင်က ထယ်ယောင်းအနားမှာသာ ကပ်တွယ်လို့နေသည်။

"ယောင်း ဒီအိမ်ကြီးက ဘာလုပ်ဖို့လဲဟင် အရမ်းကြီးလွန်းနေတာလားလို့"

အလုပ်လုပ်နေတဲ့ထယ်ယောင်းပေါ်သို့ ခြေထောက်နှစ်ချောင်းလုံး ပစ်တင်ထားပြီး သူကတော့ သက်သက်သာသာလှဲအိပ်လို့နေ၏။ ကလေးထိန်းတစ်ယောက်ထက်မပိုတဲ့ ခံစားချက်ကို ထယ်ယောင်းက ထူးထူးခြားခြားနှစ်သက်လို့နေပြန်သည်။

"အိမ်မဟုတ်ဘူး။ အလုပ်ခန်းလို့ရည်ရွယ်ပြီးဆောက်ထားတာ"

"ဒါကြောင့် အိပ်ခန်းက နှစ်ခန်းပဲရှိတာလား။ ဘယ်သူတွေနေမှာလဲ"

"ကျနော့်အခန်းနဲ့ ဂျွန့်အတွက်"

ဆက်ပြီးမေးသံထွက်မလာတော့ပေမယ့် တင်ထားတဲ့ခြေထောက်လေးတွေကို ပြန်ရုတ်သွားသည်။ အသာစောင်းငဲ့ကြည့်တော့ ဒူးနှစ်ချောင်းကိုကွေးလို့ ဘောလုံးလေးလို လုံးလို့နေ၏။

အလုပ်ကိုလက်စသတ်ပြီးတဲ့အထိ ဘာသံမှထွက်မလာတော့တဲ့ သေးသေးလေးကြောင့် ထယ်ယောင်း ရယ်မိတော့သည်။

ဆိုဖာအောက်မှာသူလေးနဲ့ မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ‌ပါးဖောင်းဖောင်းလေးအား အနမ်းပေးတော့ မျက်လုံးလေးဖွင့်လာကာကြည့်သည်။

"အိပ်ပျော်နေတယ်ထင်တာ"

ဘာစကားမှပြန်မပြောပဲ လူကိုသာစိုက်ကြည့်နေပုံက အူယားစရာအတိ။

"အဲ့ဒီအခန်းကိုဘာလို့ လိုက်ပြီးစိတ်ပူနေတာလဲ။ မင့်အတွက်မပါလို့လား.."

"အင်း"

ပြန်ဖြေသည်မှာ ဟန်မဆောင်ပါပဲနှင့်။

"ကလေးလေးကွာ..ကိုယ်နဲ့တစ်ခန်းထဲနေရတဲ့ ကလေးလေးက အခန်းမရလို့ စိတ်ကောက်နေတယ်ပေါ့" 

နားမလည်ဟန် စဉ်းစားနေသည့်သူလေးအား ထယ်ယောင်းစိတ်မရှည်ချင်တော့။

"ဟုတ်သားနော် ဟီး" အတော်စဉ်းစားလိုက်ရဟန်တူသည်။

ချက်ချင်းဆိုသလို ထယ်ယောင်းက ဂျီမင့်အပေါ်မှာ အုပ်မိုးလိုက်တယ်။ ပေါက်ကရတွေပြောတတ်တဲ့ နှုတ်ခမ်းဖူးအား မွတ်သိပ်သိပ်အနမ်းပေးရင်း အပြစ်ပေးလိုက်၏။

HIDDEN FEELINGS {Complete}Where stories live. Discover now