Part/7

129 7 0
                                    

" Oppa!! ချကီးရား!! "

စပြီ။ လူကြားသူကြားကို မပီမသ ကိုရီးယားသံနဲ့မရှက်မကြောက်အော်ခေါ်လာတဲ့ အသံတစ်သံ။ မျက်စိစုံမှိတ်ပြီး လုံး၀လှည့်မကြည့်ပါပဲကိုဘယ်သူဘယ်ဝါဆိုတာသိတဲ့အထိ ဒီအသံကို အလွတ်ရနေတာ..။ကောင်းသော အလွတ်ရခြင်းတော့မဟုတ်၊ ငယ်ထိပ်ကိုဆင်နင်းခံရသလိုခံစားချက်များနှင့် အလွတ်မှတ်မိနေတာမျိုး..။

ဂျူလီယာအဲလက်စ် ဆိုတဲ့ စပ်စလူးနတ်ပူး‌မလေးကို ဖွားက ဘာကြောင့်အလွန်ကိုသဘောကြည်ဖြူနေလဲ ဂျောင်ကုစဉ်းစားမရတာ။
ငယ်ငယ်ထဲက အနေအေးတဲ့ ဂျောင်ကုနားမှာ oppa,oppaနဲ့မပီမသခေါ်ကာ ကော်လိုလိုက်ကပ်နေတဲ့သူမ။ ရွှေရောင်ဆံပင်လေးများနဲ့ မျက်လုံးဝိုင်းဝိုင်းလေး စိမ်း‌ဖျော့ဖျော့သူမရဲ့မျက်ဆံကြောင့် ‌ဂျောင်ကုက ခလေးလေးကအရုပ်ကလေးနဲ့တူလိုက်တာဟု တစ်ခါပဲပြောလိုက်မိပါတယ်..အနားကကိုမခွာတော့တာ ဒီခလေးမ။

အဖေဖြစ်သူက ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကြီးတစ်ခုကို ဦးစီးထားသည်။အမေဖြစ်သူမှာ တက္ကသိုလ်ရဲ့ပါမောက္ခချုပ်တစ်ဦးဖြစ်ပြီးကိုယ်ပိုင်ကျောင်းတစ်ခုကိုပါ အုပ်ချုပ်လို့နေသည်။ ဂျောင်ကုတို့နှင့်အိမ်နီးချင်းဖြစ်ရာ ငယ်ငယ်ထဲက အငြိမ်မနေပြဿနာပေါင်းသောင်းခြောက်ထောင်ရှာတတ်တာ သူငယ်နာမစင်တဲ့ရုပ်လေးနဲ့မလိုက်။ အလိုလိုက်ခံထားရတော့ပိုဆိုး။ ‌အကြောက်အလန့်ဆိုတာ ဂျူလီယာတို့ကပြတိုက်ကိုပြေးကြည့်မည်ဆိုတဲ့သူ။မိန်းကလေးဆိုတာ အနေနီးလို့အကြောင်းသိသူ ဂျောင်ကုမှာတော့ယုံနိုင်ဖွယ်မရှိ။

အင်းးး သည်းခံ သည်းခံ ဂျွန်ဂျောင်ကု..။

" Oppa!! I miss you sooooooo much Oppa.."

အနားရောက်လာတာနဲ့ လက်ထဲကluggage ကိုပစ်ချပြီး ဂျောင်ကုကိုသိမ်းကျုံးဖက်ကာပြောသည်။ ဂျောင်ကုမှာတော့အတောင့်လိုက်။ဒါ‌တွေမကြိုက်ပေမယ့် ပြောလည်းမနိုင် တားလည်းမရမှာမို့ လူကနှုတ်ပိတ်နေလိုက်တော့သည်။

" ဟုတ်ပြီ ဟုတ်ပြီ ဖယ်တော့ "

"ဟီး လီယာ့ကိုကိုက ပိုချောလာလိုက်တာ၊
လီယာလွှတ်ထားလို့မရတော့ဘူး.."

HIDDEN FEELINGS {Complete}Where stories live. Discover now