Part/45

118 7 0
                                    

(A)

"ပြောပြီးပြီ ဂျွန်ကလွဲပြီးဘာမှမလိုချင်ပါဘူးလို့.."

"အဲ့လိုလူက လက်ထပ်ခွင့်တောင်းတာကို ဒီလိုမျိုး မိုးပျံပူဖောင်းတစ်လုံးပေါ်မှာ ဆော့ပင်နဲ့ရေးပြီးတော့ပေါ့လေ"

ထယ်ယောင်းက ခေါင်းမော့ကာရယ်တော့တယ်။

"အချိန်မရလို့ပါကွာ..ဂျွန် ကိုယ့်ကိုရှောင်ပြီး ပြန်မလာလောက်တော့ဘူးလို့ထင်ထားတာကို.. ဂျွန်ကမြန်မြန်ကြီးပြန်ရောက်လာတယ်"

"မင်းပဲ မြန်မြန်ပြန်လာခဲ့လို့ရေးထားတာမဟုတ်ဘူးလား"

"ကိုယ့်အသဲလေးက ကိုယ့်ကိုဘယ်လောက်ထိလွမ်းနေခဲ့လဲမှမသိတာ။ အိမ်ကိုတန်းနေအောင်ပြန်ချလာတယ်"

ဂျောင်ကုက ထယ်ယောင်း၀မ်းဗိုက်သို့ ခပ်ပျင်းပျင်းလေးထိုးလိုက်သည်။ 

"အဲ့လောက်သိနေရင်လည်း ဟိုးအရင်ရက်တွေထဲက ပြန်လာတောင်းပန်လေ"

"ကိုယ်အမှုကိစ္စတွေနဲ့ ရှုပ်နေတာ သိရက်သားနဲ့"

"အချိန်မပေးချင်တဲ့လူအတွက် အချိန်မရှိဘူးပေါ့။ ဒါနဲ့ ခုနက ပြောပြမယ်ဆိုတာဘာလဲ"

ထယ်ယောင်းက မျက်ခုံးများကိုပင့်ချီကာ ဂျောင်ကနားသယ်စပ်သို့ ဖွဖွနမ်းရှုံ့လာသည်။ ထို့နောက် သူပြောတဲ့စကားကြားတော့ ဂျောင်ကုမျက်နှာမှာရဲရဲနီလာကာ ထပ်ပြီး ထယ်ယောင်းဗိုက်ကိုတစ်ချက်ထိုးလိုက်ပြန်ပါ၏။

"မင်းကိုယ့်ကို ငွေနဲ့အပိုင်သိမ်းဖို့ကြံနေခဲ့တာကို မသိဘူးထင်နေတာလား ကိုယ့်အသဲရ.."

သူဘယ်အချိန်ထဲက သိနေခဲ့တာလဲ။ ဘယ်လောက်ရှက်ဖို့ကောင်းလဲ။
________

"ဂျီမင် မင်းကိုယုံကြည်လို့ မီရာကိုပုံအပ်ထားလိုက်တာနော်။ အခုပြောတဲ့စကားတွေ မင်းသေချာစဉ်းစားကြည့်သင့်တယ်"

မီရာရဲ့အမေဖြစ်သူ Mrs.ဂျုံးစ်က စိတ်ပျက်အားငယ်စွာ စောဒကတက်လာသည်။ အကြောင်းမှာ ဂျီမင်က လက်ထပ်ပွဲကိုရွှေ့ဆိုင်းလိုသည်ဟု ပြောလာသောကြောင့်။

"ကျနော့်စကားကို ကျနော်မမေ့ပါဘူး"

"မင်းသွားမယ်ဆို မီရာကိုဘယ်လိုလုပ်ရမလဲ သူကမင်းမရှိလို့မှ မဖြစ်တာ.."

HIDDEN FEELINGS {Complete}Where stories live. Discover now