Part/3

151 8 0
                                    

*ဝူးးးးဝေါ~~ဝှစ်...!!

အရှိန်ပြင်းပြင်းမောင်းနှင်နေကြတဲ့ဆိုင်ကယ်သံများဟာ Racingပြိုင်ပွဲတွေကိုမှနှစ်သက်ပါတယ်ဆိုတဲ့ထယ်ယောင်းအတွက်တော့ တကယ်ကိုစိတ်ကြည်လင်စေတာအမှန်။ KIM Group ရဲ့ရင်းနှီးမြုပ်နှံမှုတွေထဲကတစ်ခုဖြစ်တဲ့ ဒီ MARVEL Stadiumကို ထယ်ယောင်းသဘောအကျဆုံးပင်။

ထယ်ယောင်းသည် မွန်းကျပ်လာတဲ့စိတ်အစုံကို ကွင်းထဲမှာအမြန်ဆုံးနှုန်းထားဖြင့် မောင်းနှင်ရသည့်အခါတိုးထွက်လာတဲ့engineသံနှင့်အတူလွင့်မျောသွားသည့်ခံစားချက်ကို အလွန်ခုံမင်သည်။ Raceတွေရှိနေတဲ့နေ့များမှာဆို ထယ်ယောင်းမလွတ်တမ်းလိုက်ကြည့်ဖြစ်သည်။KIM Groupလက်အောက်ဆိုသည်နှင့် မိမိမှာလုပ်ပိုင်ခွင့်တွေရှိသည်ကို သဘောခွေ့လှသည်မှာဤအရာသာရှိမည်ထင်သည်။

'ကြိုက်သလိုချယ်လှယ်ခွင့်ရှိတယ်..လုံး၀ ၀င်မပြိုင်ရဘူး' ဆိုတဲ့သခင်ကြီးရဲ့စည်းကမ်းချက်ကြောင့် ပြိုင်ပွဲတွေကိုအလွတ်ရတဲ့ထိကြည့်တတ်သလို၊ ကွင်းအားတဲ့ရက်များဆိုစိတ်ထင်တိုင်းမောင်းနှင်တတ်သည်။

မိခင်မှလည်း ချစ်လို့စိုးရိမ်ပါတယ်ဆိုကာ ခွင့်ပြုချက်ကောင်းကောင်းရယ် မရှိ။ ဒါကြောင့် မကြာမကြာချစ်ပါတယ်ပြောတတ်သော ဂျွန့်ကိုပါ ဖွင့်ထုတ်ပြောဆိုခြင်းမရှိခဲ့။

ထို့ကြောင့် ချစ်တယ်ဆိုတဲ့စကားကြီးကို ထယ်ယောင်းမကြိုက်။ အရမ်းချုပ်နှောင်တာပဲ..!

ပြီးတော့ ဂျွန်ဆိုတဲ့လူသားကစာအုပ်တွေကိုပဲ တစ်ကမ္ဘာထင်တဲ့သူ။ ဒါမျိုးတွေဆိုသဘောတွေ့လှတာမဟုတ်။

"ဝိုးး!! No 13က ရှယ်မိုက်ကွာ.."

ဘေးနားကJakeအသံကြောင့် အတွေးထဲမျောနေရာကပြာပြာသလဲခေါင်းထောင်ကြည့်ရတော့သည်။ ကျစ်! ဒါကြောင့်အတွေးများရတာကိုလဲ သူ မကြိုက်တာ။ လွတ်ကုန်ပြီ။

"No 13.."

ပြိုင်ပွဲစတုန်းကအလယ်အဆင့်ကနေ ပြိုင်ပွဲ အချိန်စေ့ကာနီးလေ ကျွမ်းကျွမ်းကျင်ကျင်နဲ့သေသပ်လှပစွာထိန်းသိမ်းမောင်းနှင်လာပုံက လုံး၀ထယ်ယောင်းအကြိုက်။ တစ်စီးပြီးတစ်စီး လှလှပပပါးနပ်စွာကျော်ဖြတ်လာပုံက ထင်ရှားနေသည့်အလား ထယ်ယောင်းအကြည့်တို့က ထိုNo 13မှာသာ။

HIDDEN FEELINGS {Complete}Where stories live. Discover now