Part/15

110 9 0
                                    

လေလာရာအရပ်ကိုမျက်နှာမူ‌ကာထိုင်နေလို့ ခြံထဲရှိပန်းပေါင်းစုံတို့ရနံ့က သူမနှာခေါင်းထဲသင်းပျံ့လို့နေသည်။ အိမ်နှင့်မခြား‌သောပြုစုမှုများနှင့်နေခဲ့ရသော်လည်း ဆေးရုံဆိုတဲ့အသိဖြင့်စိတ်ကျဥ်းကျပ်ရပါသည်။

အသက်အရွယ်အရခန္ဓာကိုယ်ကချို့တဲ့မှုတွေကို ခံနိုင်ရည်မရှိတော့ပေမယ့် သူမအသက်ရှည်ရှည်နေချင်ပါသေးသည်။ စည်းစိမ်ခံစားချင်၍မဟုတ်။ ယခုအချိန်ထိတသီးတခြားနေလိုသော မြေးဖြစ်သူများကိုစိတ်မချနိုင်သောကြောင့်။

တစ်ယောက်ကပတ်၀န်းကျင်နှင့်ထိတွေ့မှုနည်းကာ လူတွေအပေါ်ယုံကြည်မှုမရှိလေသူ။ ကျန်တစ်ယောက်ကလူတကာအပေါ်ယုံကြည်လွန်းပြီး တွယ်တာတတ်သူ။ ကွဲပြားသောအကျင့်စရိုက်များစွာရှိသော်လည်း စိတ်အားငယ်ကာစွဲလန်းတတ်သည်ကတော့ တစ်ပုံစံထဲပင်။

ကံကြမ္မာမျက်နှသာမပေးလို့ အတိတ်ကရခဲ့သောဒဏ်ရာများသည် ထိုကလေးနှစ်ဦးအားပျော်ရွှင်မှုမဲ့စေသည်။ ထိုအရာကိုလိုက်လံရှာဖွေလိုသော ကလေးငယ်များကိုသူမ မတားလို။

သို့သော်လမ်းလွဲသွားမည်ကိုတော့ သူမသိပ်ကိုစိုးရိမ်ပါသည်။

သူမ၏လူအိုသက်တမ်းမကုန်ဆုံးမှီ စိတ်ချရသော ကမ္ဘာရပ်၀န်းအသီးသီးမှာသူမအသည်းအသက်လေးများကို တည်ရှိနေစေချင်ခဲ့ပါသည်။ သူမအတင်းမတိုက်တွန်းလို။ ဒါကြောင့်လိုချင်သောအရာမှန်သမျှ ကလေးငယ်တို့ရမက်ရှိသောအရာများနှင့် ‌ချော့မြူလဲလှယ်စေခဲ့သည်။ ဤသည်က အပေးအယူများကိုစတင်ဖြစ်စေခဲ့သည်။

သန်မာချင်ယောင်ဆောင်သောကလေးငယ်အား စိတ်တိုင်းကျသန်မာစေခဲ့ပြီး ၀မ်းနည်းမှုကိုဖုံးကွယ်မထားသော အချွဲအနွဲ့လေးအားလည်း အလိုကျနွေးထွေးပေးခဲ့ပါသည်။

အများအမြင်မှာ အကဲပိုတယ်ထင်ရသောသူမက သူမ၏မြေးသည်းသက်လေးများကို ညီတူညီမျှချစ်ရလွန်းပါသည်။

လွတ်လပ်စွာပျံသန်းရန်ကြံရွယ်နေကြသော အတောင်ပေါက်စငှက်ငယ်လေးများအား ငှက်အိုတစ်ကောင်ရဲ့ရင်ခွင်ကျယ်က သိပ်ကိုလွမ်းနေရပါပြီ..!

HIDDEN FEELINGS {Complete}Where stories live. Discover now