Part/30

117 6 1
                                    

{အရွယ်ရောက်ပြီးအသုံးအနှုန်းများနှင့်အမူအရာများ ပါ၀င်မှာဖြစ်လို့ အသက်မပြည့်လျှင်မဖတ်ဖို့အကြံပြုပါတယ်။ ပြင်ပဘ၀အတွက်အသုံး၀င်တဲ့စာတွေမဟုတ်လို့ ဖတ်ပြီးရင်လည်း သယ်မသွားပဲ ချန်ထားခဲ့‌ပေးပါ။ }

_______________________________

မိနစ်အတော်ကြာငြိမ်သက်သွားပြီးတဲ့နောက် သတိ၀င်လာသည်။

"အရမ်း အတင့်ရဲနေပါလားမင်"

"အင်း..ယောင်းကိုချစ်လို့"

မျက်လုံးလေးတွေမှိတ်ကျသွားအောင် ပြုံးပြတယ်။ နက်ရှိုင်းတဲ့တွင်းနက်ကြီးထဲသို့ အရှိန်ပြင်းပြင်းပြုတ်ကျသွားသည့်နှယ် ရင်တွင်းလှစ်ဟာလို့။ ဘေးပတ်၀န်းကျင်မှာ နေ့ခင်းဖြစ်လျှက်ကြယ်စင်များလင်းလက်သွားသည့်နှယ်။

"မင်ကွာ.."

အချိန်အကြာကြီးကျောက်ရုပ်လိုဆန့်တန်းလျှက်သား ထယ်ယောင်းလက်နှစ်ဖက်ဟာ မင့်ကိုယ်လေးကိုဆွဲကပ်ကာ ဖက်တွယ်ထားလိုက်တော့သည်။

ဂျီမင် ယောင်းကိုလွတ်သွားမှာစိုးသည့်အလား တွက်ကုတ်ထားမိတယ်။ ဘယ်လိုအပြုအမူကယောင်းကိုဆွဲဆောင်နိုင်စေလဲ များများသိထားအောင်ကြိုးစားမည်။ ယခုလည်း ဂျီမင်အောင်မြင်လိုက်ပြီ။

ဒဏ်ရာတွေခန္ဓာအတွင်းအပြင် ဘယ်လောက်များပါစေဉီး ယောင်းရဲ့ကြင်နာမှုတစ်ခုလေးနဲ့တင် ဖြေပျောက်နိုင်တယ်။

အနာပေးလည်းဖြစ်တယ်။ ဆေးပေးတဲ့သူကသာ ယောင်းဖြစ်နေပါစေ..!

_________

ပြေးထွက်သွားပြီးဆွဲခေါ်ချင်မိသည်အထိ ရင်ထဲမှာ‌သိပ်နေရခက်နေပြီ။ သို့သော်ပုံမပျက်ပဲ လုပ်စရာရှိတာလုပ်ရင်း ဆန္ဒကိုဖော်ပြထားခြင်းမရှိဘူး။ ရေချိုးရင်းလည်း ရေချိုးတဲ့လုပ်ငန်းကိုအသေးစိတ်အဆင်ပြေချောချောမွေ့မွေ့ပဲ လုပ်ဆောင်ခဲ့တယ်။

ပြီးတာနဲ့အ၀တ်အစား၀တ်ကာ တစ်တောက်တောက်နဲ့ အငြိမ်မနေသော်လည်း တည်တည်ငြိမ်ငြိမ်ပုံစံနှင့်ပင် သူကအနေအထိုင်မပျက်ရှိ‌သည်။

သတိထားကြည့်လျှင်တော့ သူ့ပုံဟာသံပတ်ပေးထားလို့ လှုပ်ရှားနေတဲ့ အရုပ်တစ်ရုပ်ထက် နည်းနည်းမှမပိုပါဘူး။

HIDDEN FEELINGS {Complete}Where stories live. Discover now