Part/34

79 7 2
                                    

"ဘယ်လိုဖြစ်တာလဲ!"

"ကျနော်တို့ရဲ့ ကုန်ပစ္စည်းတွေက သုံးစွဲသူတွေအတွက် ဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုပြီး တိုင်ကြားမှုအများကြီး ရောက်လာတယ် အကိုလေး"

"ဆိုးကျိုး!"

"ဟုတ်ကဲ့"

"အဲ့လောက် ပေါ့လျှော့နေတာလား ကျနော်တို့လုပ်ငန်းတွေက၊ ပစ္စည်းတစ်ခုကို သေချာမစစ်ဆေးနိုင်လောက်အောင်ထိ၊ ဆိုးကျိုးထွက်ရအောင်ထိလေ"

"မဟုတ်ပါဘူး။ သေချာစစ်ဆေးပါတယ်။ ဆေးဘက်ဆိုင်ရာ ခွင့်ပြုချက်အားလုံးရပြီးမှ ထုတ်လုပ်ခွင့်ရှိတာပါ ခုဟာက.."

"တစ်စုံတစ်ယောက်က ဖန်တီးလိုက်တယ်လို့ပြောချင်တာလား"

"ဟုတ်ကဲ့.."

"အပြစ်လွတ်အောင် လွှဲချနေတာတော့မဟုတ်ဘူးမလား။ သက်သေအခိုင်အလုံမရှိပဲ လုပ်ကြံတာပါလို့ပြောဖို့ကလေ"

"လွှဲမချပါဘူး..ပြီးတော့-"

"ထယ်လေး"

အရေးရယ်အကြောင်းရယ်ဆို အဲ့ဒီခေါ်သံဟာသူ့နားထဲကို ရောက်ရောက်လာတတ်သည်။

"ကိုယ် ထယ်လေးနဲ့ သီးသန့်စကားပြောဖို့လိုတယ်"

"အဲ့လောက်အချိန်ပေါနေတာမဟုတ်ဘူး"

"ကိုယ့်ကိုတစ်ခါလောက်အကောင်းမြင်ပေးပါ ထယ်လေး။ အခုဖြစ်နေတဲ့ပြဿနာအတွက် ပြောချင်တာပါ"
_
_

"ဒါဆို တီငယ်လုပ်တယ်လို့ပြောချင်တာလား"

"သေချာပေါက် ဂျူးပဲထယ်လေး။ ကိုယ်ကွာရှင်းဖို့တောင်းဆိုလိုက်မိတယ်"

"ဘာကြောင့်လဲ.."

"ဘာကြောင့်များ ခဗျားတို့နှစ်ယောက်ရဲ့လမ်းကြောင်းမှာ ကျနော်ကအမြဲမြေစာပင်လိုမျိုး ရှင်သန်နေရတာလဲ ဂူရှစ်! ဘယ်တော့မှ ခဗျားတို့ရဲ့အတ္တကြိုးဝိုင်းကြီးထဲက ကျနော့်ကိုလွတ်မြောက်ခွင့်ပေးကြမှာလဲ!! ကျနော်က လူသားတစ်ယောက်ရဲ့ဖြစ်တည်ခွင့်အတိုင်း အေးအေးချမ်းချမ်းလေး ရှင်သန်ချင်ရုံပဲလေ.. သိပ်ပြီး စာနာတရားကင်းမဲ့နေကြပြီလို့မထင်ဘူးလား ဟမ်!!"

HIDDEN FEELINGS {Complete}Where stories live. Discover now