သန့်စင်ခန်းကပြန်အလာမှာ တည်းဖို့အခန်းနဲ့ အငှားမော်တော်ဆိုင်ကယ်သွားပြင်ဆင်လိုက်သည်။ ဂျွန်တစ်ယောက် ပျော်ရွှင်သွားမယ့်အဖြစ်ကိုတွေးလို့ သူ့မျက်နှာမှာအပြုံးတို့မရပ်တန့်နိုင်။
*Ring Ring~~
"ပြောပါ လီယာ"
'ထယ်ပါး..လီယာနောက်ကျနေလို့ စာရင်းတွေမပေးဖြစ်လိုက်ဘူး။ လာပို့ပေးလိုက်ရမလား'
"မင်းဘယ်မှာလဲ"
'မြေကွက်ကပြန်ထွက်လာခဲ့ပြီ'
"ဒါဆို ***ကို၀င်လာခဲ့လို့ဖြစ်မလား။ ကမ်းခြေဘက်မှာ"
'အဆင်ပြေပါတယ်'
"စောင့်နေပါ့မယ်"
ဆိုင်ဘေးဘက်မှပတ်ထွက်ကာ အပြင်သို့လျှောက်လာခဲ့တယ်။ နေရာသစ်ဖြစ်လို့ အပြင်အဆင်သစ်ဆန်းကာ သန့်ရှင်းလှပသည်။ အနေအထားမှာ ကမ်းစပ်ကဥယျာဉ်အသေးလေးတစ်ခုအဖြစ်ရှိနေသည်။
"ဟား ဟား ဟား"
ရယ်သံခပ်ကျယ်ကျယ်ကြောင့် ဟိုဟိုဒီဒီအတွေးများဟာ လွင့်ပျယ်သွားသည်။ စောင်းငဲ့ကြည့်တော့အတွဲတစ်တွဲဟာ သူ့ကိုကျောပေးကာ ချစ်ကြည်နူးနေကြတယ်။
"ဂျီမင်! နင်!"
ဂျီမင်..
ရေပန်းကွယ်နေလို့ကောင်းကောင်းမြင်ရ။ ခြေလှမ်းတွေသည် အရှေ့ကိုသာတိုးနေမိခဲ့တယ်။ဘယ်လိုမှမမေ့နိုင်တော့မယ့် ကျောပြင်ငယ်ဟာ ထယ်ယောင်းကိုကျောပေးထားလျှက် ရင်ခွင်ထဲ၌ မိန်းမလှလေးတစ်ဦးကို ပွေ့ပိုက်ထားသည်။
ရှိန်းတက်လာတဲ့မျက်နှာသည် ဒေါသငွေ့တွေကြောင့်ဖြစ်ပါလိမ့်မည်။ သူ့ရှေ့မှာဖြင့် စိတ်လွတ်ကိုယ်လွတ်ရယ်မောပျော်ရွှင်နေတာကို တစ်ခါမှမမြင်ဖူးခဲ့ဘူး။ အခုများတော့ကွာခြားလွန်းလှ၏။
ကိုယ်ကိုအပ်နှင်းထားသူက ယခုမိန်းမတစ်ယောက်နဲ့ပျော်မြူးနေသည်မှာ ထယ်ယောင်းအတွက်နားမလည်နိုင်စွာ။
ထိုအတွဲနှင့် သိပ်မလိုတော့တဲ့အကွာအဝေးမှာ သူရပ်လိုက်တယ်။
"မင်!!"
ချက်ချင်း လှည့်ကြည့်မလာခဲ့။ ပွေ့ဖက်ခံထားရတဲ့မိန်းကလေးကပဲ ထယ်ယောင်းကို လှမ်းကာကြည့်သည်။
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||