"ဂျွန် မင်းသွားစရာရှိလို့လား"
ထမင်းစားခန်းထဲမှာ suitအပြည့်နဲ့ထိုင်နေတဲ့ ဂျွန်က ထယ်ယောင်းကိုစောင့်နေပုံရသည်။ နာရီတကြည့်ကြည့်လုပ်နေပုံအရ အရေးကြီးသွားစရာရှိနေမည်ထင်သည်။
"ထယ် လာ မနက်စာပြင်ထားတယ်။ ငါကုမ္ပဏီသွားရမှာမို့ မစားတော့ဘူး..မင်းတစ်ယောက်ထဲနေခဲ့လို့အဆင်ပြေလားဟင်"
"ငါကလေးလဲမဟုတ်ပါဘူး..အဆင်ပြေတာပေါ့ဂျွန်ရ သွားလေ"
အမြဲသူရှိနေလို့အဆင်ပြေပါတယ်ပြောလို့ ကုမ္ပဏီသွားရမှာတောင် ဂျောင်ကုမှာစိတ်မပါချင်။ စိတ်မချဘူးလို့လဲပြောမထွက်ရဲလေတော့ ထယ်က ကလေးလားဟု ပြန်ချေလေသည်။ ကလေးဆိုရင်လည်းကောင်းသား။ ပွေ့ချီပြီးဘယ်သွားသွား ခေါ်ခဲ့လိုက်လို့ရတယ်မလား။
"အင်းပါ..မင်းလိုတာရှိရင် ငါ့ကိုဖုန်းဆက်လိုက်နော်ထယ်"
"အင်း.."
"နေ့လည်ကို အပြင်စာမစားချင်ရင် ရေခဲသေတ္တာထဲမှာ ဟင်းတွေရှိတယ်သိလား..ထယ် နွှေးပြီးစားလိုက်ရုံပဲ..မဟုတ်ရင်လည်း ငါပြန်လာပြီးချက်ပေးမယ်လေ "
"ဟင့်အင်း မလိုပါဘူးဂျွန်ရာ..မင်းအလုပ်ကိုသာအေးဆေးပြီးအောင်လုပ်ခဲ့ပြီးမှ ပြန်လာခဲ့..ငါအဆင်ပြေတယ် ဟုတ်ပြီလား"
"တကယ်လား..ဟို ထယ်အရင်နေ့တွေကလို သွားချင်လို့ ငါလိုက်ပေးဖို့လိုရင်လေ.."
"ဂျွန်"
"ဟင် ထယ်.."
"ငါမင်းမရှိပဲတော့ ဒီမှာမနေချင်ဘူး။ အဲ့ဒါကြောင့် စားပြီးရင် အိမ်ကိုပြန်မှာ..ဘယ်မှလဲသွားစရာမရှိဘူး။ ရပြီလား ဂျွန်ဂျောင်ကုရှီး.."
"အော အိမ်ပြန်မှာလား..ပြန်လာအိပ်မယ်မလားဟင် ထယ်"
"လာခဲ့"
"ထယ် မနက်စာ.."
ဒီတိုင်းဆို ဂျွန်တစ်ယောက်ကုမ္ပဏီကိုရောက်မယ်မထင်တော့ဘူး။ ထယ်ယောင်း ဂျွန့်လက်ကိုဆွဲပြီးထထွက်လာလိုက်တော့ စားပွဲပေါ်တင်ထားတဲ့ကျောပိုးအိတ်ကို ကပျာကယာဆွဲယူလို့ပါလာခဲ့သည်။ ကားထဲ၀င်ထိုင်ပြီးတဲ့ထိ နှုတ်ခမ်းကိုအနည်းငယ်ဆူပုတ်ပုတ် လုပ်နေပုံမှာ အလိုမကျတာတွေရှိနေသေးမှန်း သိသာလှသည်။
YOU ARE READING
HIDDEN FEELINGS {Complete}
Fiksi Penggemar{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||