ဖြတ်သန်းလာခဲ့ရတဲ့ပုံရိပ် ဘ၀စာမျက်နှာ။ဒါတွေဟာ အသက်အရွယ်နဲ့မမျှတဲ့ခံစားချက်တွေကိုပေးစွမ်းတဲ့အခါ။ဟာနေသေးတဲ့ ဦးနှောက်ရဲ့ နေရာလွတ်တွေကို ဦးစားယူထားသည့်အခါ။
ဖြစ်ချင်သည်က ဘာမှန်းမသိတော့ဘူး..။ ဖြစ်နေတဲ့အရာတွေဟာလည်း ဘာဆိုတာမသိတော့ပါဘူး..။တတ်နိုင်သလောက် လွင့်မျောချင်တော့တယ်။
နှလုံးသားဟာ ဘယ်လိုအရာတွေခံစားရသောအရာ။ဦးနှောက်သည် ဘယ်အရာတွေကို သင်ယူရမည် ဆိုသည်များကို မစဉ်းစားချင်တော့သည်မှာ အမှန်ပင်။သို့သော် စွဲလန်းခဲ့သည်များရှိသလို ပိုင်ဆိုင်ချင်သည်များကလဲ ရှိနေပါလိမ့်မည်။
လူပဲ..။
သူလဲ လူသားပဲ ၊စိတ်ခံစားမှုတွေ
စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ သိပ်ရှိတာပေါ့..။မမှန်ကန်သော စိတ်အစဉ်နဲ့ အမှတ်တရတွေက ဦးနှောက်နုနုနဲ့ အသက်ငယ်ငယ်မှာ နေရာယူထားခဲ့လို့သာ ..
မထားခဲ့ပါဘူး ဂျွန်..။
အဖြေလည်းမရှိလို့ ဘာမှမမေးပဲ အတွေးမများပဲနေပေးပါ။ ငါက ငါ့စိတ်ကိုငါ သိတာမဟုတ်လို့
မမှန်သေးဘူး။ ဘယ်လိုခံစားချက်က ဘာလဲဆိုတာကို မသိခဲ့ရသူမို့..။
__________" အစောကြီးရောက်နေတယ်.."
မနေ့ကဂျောင်ကုနဲ့ လည်ပတ်စားသောက်လာခဲ့ပြီး အခန်းပြန်ရောက်တာနဲ့တန်းပြီး အိပ်ပျော်သွားခဲ့ကာ မနက်အိပ်ရာနိုးတော့ လူကညီးစိစိနဲ့မို့ ရေချိုးလိုက်သည်။ရေချိုးပြီးပြန်ထွက်လာတော့ အိပ်ရာပေါ်မှာခြေပစ်လက်ပစ်ကို အိပ်နေတဲ့ယောင်းကိုတွေ့ရသည်။မဟုတ်သေးဘူး။မျက်လုံးကဖွင့်ထားတာမှပြူးလို့ မျက်နှာကျက်ကိုပဲ စိုက်ကြည့်နေ၏။
ပုံမှန်ဆိုရင်တော့ တစ်နေရာရာကိုငေးစိုက်ကြည့်နေရင် ထိုလူကိုအတွေးများတယ်လို့ မှတ်ကြမယ်ထင်။သို့သော် မျက်နှာကျက်ကိုသာစိုက်ကြည့်လို့နေတဲ့ထယ်ယောင်းသည် ဘာကိုမှတွေးတောနေခြင်းမရှိ။စိတ်တို့ကလုံး၀ဗလာသက်သက်။
အခန်းထဲ၀င်လာထဲက ရေချိုးခန်းမှကြားရတဲ့ရေသံကြောင့် မင် ရေချိုးနေမှန်းသိလိုက်ပြီ။ အသံကြားလို့လှည့်ကြည့်တော့ bathrobe ကို လျော့ရဲရဲသာ၀တ်ထားတဲ့ မင်..။
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||