Part/26

130 6 2
                                    

{အရွယ်ရောက်ပြီးအသုံးအနှုန်းများနှင့် အမူအရာများ ပါ၀င်မှာဖြစ်လို့ အသက်မပြည့်လျှင်မဖတ်ဖို့အကြံပြုပါတယ်။ ပြင်ပဘ၀အတွက်အသုံး၀င်တဲ့စာတွေမဟုတ်လို့ ဖတ်ပြီးရင်လည်း သယ်မသွားပဲ ချန်ထားခဲ့‌ပေးပါ။ }
______________________________

အိပ်ရာနိုးနိုးချင်းတွေ့လိုက်ရတာကထယ့်ဆီမှ missed callများစွာ။ ချက်ချင်းဆိုသလို ပြန်ခေါ်ကြည့်ဖို့လုပ်သော်လည်း အ၀င်ဖုန်းတစ်ခုရှိလာလေသည်။ ပြန်ဖြေတော့ကြားလိုက်ရသည်က ခေါင်းမီးတောက်သွားစေသည်။ ပြင်ဆင်ဖို့လည်းမတွေးတောမိ။ အပူလုံးကြီးဖြင့်သာ ဆေးရုံသို့အပြေးအလွှားထွက်လာခဲ့၏။

ဂျောင်ကုအိပ်‌မနေခဲ့သင့်ဘူး..!

အဝေးမှမြင်ရသော်လည်း ထိုလူရဲ့ပုံသဏ္ဍာန်ကိုအလွတ်ရသည်။ မဖြစ်နိုင်လောက်ဘူးလို့တွေးမိပြီးအမြန်လှမ်းလာခဲ့တယ်။ အခန်းရှေ့မှာကျောပေးရပ်နေပြီး ခဏအတွင်းမှာအခန်းထဲပြန်၀င်သွားလေသည်။ စိုးရိမ်မှုထက်ပိုတဲ့ခံစားချက်တွေကို ပြောပြလို့ပင်မတတ်တော့။

ထင်နေသလိုမဟုတ်ပါစေနဲ့ဆုတောင်းမိသော်လည်း အခန်းတံခါးအနည်းငယ်ပွင့်ဟနေတဲ့ကြားမှ မြင်ရတဲ့ပြကွက်က ရင်ကိုအထပ်ထပ်ရိုက်ခွဲသည်။ ဘယ်နှကြိမ်ဘယ်နှခါရှိနေပြီလဲ။ နာကျင်နေရတာပင် အသားကျရတော့လေမလား။ တစ်ဖက်သတ်မဟုတ်တဲ့ဒီအနေအထားဟာ ဂျောင်ကုတကယ်ပဲ အရာရာအတွက်ပြင်ဆင်ထားသင့်ပြီတဲ့လား။

ထယ်နဲ့ပတ်သက်ရင်မမာကြောနိုင်တဲ့ သူ့စိတ်ကြောင့်မရင်ဆိုင်နိုင်သေးဘူး။ လှည့်ထွက်ခဲ့တဲ့ခြေလှမ်းဟာ သိပ်ကိုမြန်ဆန်လွန်းတယ်။

တကယ်တမ်းတစ်ဖက်သတ်ဖြစ်နေခဲ့တာဟာ အသေအချာ သူသာလျှင်..!
_________

"ယောင်း..ဘာစားချင်လဲ မင်တစ်ခုခုသွား၀ယ်ပေးမယ်"

‌အချိန်အကြာကြီးငိုကြွေးလွမ်းဆွတ်နေခဲ့ကြတာ သူတို့မဟုတ်သလို။ ‌ထယ်ယောင်းဟာ ဂျီမင်ရဲ့လက်ကို ဆုပ်ကိုင်ကာရင်ဘတ်ပေါ်ကိုတင်ထားလျှက်။ မျက်၀န်းများကိုမှိတ်ကာအနားယူတယ်။

ဂျီမင်မှာတော့ ဘေးမှာပုံမပြောင်းပဲထိုင်နေပေးရလို့ ခါးပင်ညောင်းနေပါပြီ။

HIDDEN FEELINGS {Complete}Where stories live. Discover now