Part/31

82 7 2
                                    

'ဂျောင်ကု မင်းဘယ်မှာလဲ'

"ကျနော် ကားပါကင်ရောက်နေပြီ မွန်hyung"

'ငါလည်းကားပါကင်မှာပဲ မင်းကိုမတွေ့ဘူး'

ကားထဲကျန်နေတဲ့ ကျောပိုးအိတ်ကိုယူနေစဉ် ခြေသံကြားရသည်။ လှည့်ကြည့်တော့သူ့ကိုရှာမတွေ့တဲ့ မွန်hyungက သူနဲ့ကားတစ်စီးကျော်မှာ တောင်ရှာမြောက်ရှာဖြင့်။

"Hyung! ကျနော်ဒီမှာ"

"လန့်လိုက်တာ ဂျောင်ကုရာ!"

သူ့နောက်မှ ဘွားကနဲပေါ်လာတဲ့အတွက် လန့်သွားတာအမှန်။ အနက်ရောင်ကုတ်နဲ့ အနက်ရောင်ဘောင်းဘီ၊ အနက်ရောင်ဘွတ်ဖိနပ်သာမက အနက်ရောင်ကျောပိုးအိတ်နှင့်။ မသိရင်ကုမ္ပဏီလာတဲ့CEOလား၊ ဂိုဏ်းတစ်ဂိုဏ်းက လူမိုက်တစ်ယောက်လား မသဲကွဲ။ မိမိုက်နေပေမယ့်လို့ အနည်းငယ်မှောင်မိုက်နေပြန်သည်။

မျက်မှန်ကိုနှာခေါင်းထိပ်မှာ ခပ်လျှောလျှောတပ်ထားပြီး ထိုမျက်မှန်ပေါ်ကနေ လူကိုကျော်ကြည့်လေ့ရှိတယ်။ ဒီလိုအချိန်တိုင်း မန်နေဂျာမွန်မှာ ဂျောင်ကုကိုအင်မတန်ရှိန်ပါသည်။

"ဘာတွေအရေးကြီးနေတာလဲ.. ကျနော့်ကိုအလောတကြီးရှာနေရအောင်"

"အော် ရုံးချုပ်ကကိုယ်စားလှယ်ရောက်နေတယ် ဂျောင်ကု"

"ရုံးချုပ်က ကိုယ်စားလှယ်"

"ဟုတ်တယ်"

"ဦးဟန်လား"

"ဟုတ်တယ်"

"သူတစ်‌ယောက်ထဲလား ကျနော့်ကိုတွေ့ချင်တာတဲ့လား။ တခြားအကြောင်းတွေဘာတွေမေး‌လဲ"

ကိုယ့်ထက်ပင် သူက ပိုပျာယာခတ်သွားတော့သလို။ မန်နေဂျာမွန်မှာ ဘယ်မေးခွန်းကိုအရင်ဖြေရမယ်မသိ။

"အင်..တစ်ယောက်ထဲလို..ပါပဲ။ ဂျောင်ကုကိုတွေ့ချင်တာလို့ပြောတယ်။ တခြားကတော့.."

"ကျနော့်အခန်းမှာမလား"

စကားလည်းမဆုံးလိုက်ရပါဘူး။ သူ့ကိုကျောခိုင်းကာ CEOပေါက်စလေးက အပြေးအလွှားထွက်ပြေးသွား၏။

"ဦးဟန်"

"ဂျောင်ကု.."

"ဦးဟန်လာတာကျနော့်ကို ဘာလို့မပြောတာလဲ။ လာကြိုမှာပေါ့"

HIDDEN FEELINGS {Complete}Where stories live. Discover now