Part/18

89 7 0
                                    

ဆိုးဝါးလွန်းတဲ့အဖြစ်အပျက်ကြီးကို‌ရင်ဆိုင်ပြီးတဲ့နောက် အကြောင်းအရင်းတစ်ခုကြောင့် သူအိပ်မပျော်ဖြစ်ရတာ ဒါပထမဆုံးပဲ။ အရာရာကိုမထီမဲ့မြင်သဘောသာထားပြီး အရေးတယူမလုပ်တဲ့ဘယ်အရာကိုမှ သူ့ဘက်ကလည်းပြန်အရာမလုပ်ခဲ့။ အခုတော့သူက လူတစ်ယောက်အကြောင်းကိုအရေးတယူလုပ်နေလွန်းလို့ တစ်ညလုံးအိပ်မပျော်နိုင်သည်အထိ။

အသိ‌လေးပင်တစ်ချက်မပေးပဲ ထွက်သွားနိုင်သူက ထယ်ယောင်းကိုဘယ်လိုတွေများနေရာပေးခဲ့မလဲဆိုတာ သိပ်သိချင်နေလှပါ၏။

ပန်းဥယျာဉ်လေးရဲ့ဘေးက ဒန်းစင်ပေါ်မှာသူလာထိုင်နေလိုက်သည်။ ခန္ဓာကိုယ်ဟာလေးလံနေပေမယ့် ရင်ဘတ်တစ်ခုလုံးကတော့လုံး၀လစ်ဟင်းနေသည်။ အမြဲပြည့်ကျပ်နေတဲ့အရာတစ်ခုကိုဆွဲနှုတ်ယူသွားသလို။ သူ့ရဲ့လက်ဖဝါးနှင့်လက်မောင်းနှစ်ဖက်ကြားမှ တစ်ခုခုကပျောက်ဆုံးနေသလို။ တစ်ညလုံးလည်းအဆင်ပြေလိုပြေငြား ဖက်လုံးကိုတင်းကျပ်စွာဖက်တွယ်ထားခဲ့လည်း အချည်းနှီး။

ထိုလူသားရဲ့ကိုယ်ငွေ့လေးမရလို့ထင်ပါရဲ့..!

ရှေ့နောက်ရွေ့လျှားနေတဲ့ ဒန်းစင်မှတကျွီကျွီမြည်သံက သူ့ကိုပြောင်ရယ်နေသည့်အလား။ ချက်ချင်းခြေ‌ ထောက်ပြီးရပ်လိုက်သည်။ ယိမ်းထိုးနေတဲ့ပန်းပင်လေးများက အချင်းချင်းထိတိုက်နေသည်။ ငူငူငိုင်ငိုင်‌နဲ့သူ့ပုံကို တီးတိုးပြောပြီး လှောင်နေသလိုခံစားလာရသည်။ အမြင်ကပ်စရာကောင်းလိုက်တာ။ မမြင်ချင်တော့လို့ ခေါင်းမော့ကာကောင်းကင်ကြီးကို ငေးဖြစ်တယ်။ ဝေလီဝေလင်းဖြစ်လို့ ခပ်မှိန်မှိန်လ‌လေးကိုမြင်ကာမှ စိတ်သက်သာလာသည်။

လမင်းကလဲသူလိုပဲ ထီးထီးကြီး..!

သူဘာဖြစ်နေတာလဲ သူနားမလည်ဘူး။ အမည်မဖော်နိုင်တဲ့ ခံစားချက်တွေကိုမုန်းလိုက်တာ။ ငိုချင်တာလဲမဟုတ်ပဲ သူ့မှာဘာကိုလုပ်ဖို့မှအားမရှိဖြစ်နေသည်။ ပျောက်ချင်တိုင်းပျောက်သွားနိုင်တဲ့လူကိုဒေါသတွေထွက်ပြီး စိတ်ငြိမ်သွားထဲက သူ့မှာဒီလိုကြီးဖြစ်နေရသည်။ ဒါတွေခဗျားကြောင့် မင်။ ရပ်တန့်ပစ်လိုက်ပါပြီဆိုတော့ ရှေ့ဆက်ချင်လာအောင်လုပ်တယ်။ မရပ်တန့်လိုက်နိုင်တော့ဘူးဆိုတော့မှ ပျောက်ကွယ်သွားတယ်။

HIDDEN FEELINGS {Complete}Where stories live. Discover now