Part/4

135 6 0
                                    

လက်ဆတ်တဲ့လေအေးအေးတွေ တစ်ချက်တစ်ချက်ဝေ့ဝဲလာတာမို့ ရူရှိုက်ရသည်မှာမ၀သယောင်။ တိမ်သားတိမ်စိုင်တို့ကကင်းရှင်းလို့နေပေမယ့်  အေးချမ်းတဲ့ဆောင်းရာသီဖြစ်လို့ နေရောင်ခြည်ဟာလေနုအေး‌များနဲ့ လိုက်ဖက်ရုံသာအနွေးဓာတ်ပေးလို့နေသည်။

ပါးလျနေတဲ့မြက်သားနုနုလေးတွေပေါ်မှာ ပါလာတဲ့အခင်းဖျာချပ်လေးခင်းလို့ မေမေနွှာပေးတဲ့ လိမ္မော်သီးအစပန်းသီးအဆုံးဟာ ဒီလိုအချိန်မှာ ပိုလို့ပင်ချိုမွှေး‌လို့နေ၏။ ချစ်ရတဲ့မေမေဟာ အင်မတန်နူးညံ့တဲ့အပြုံးတို့ကို အမြဲတစေဆင်မြန်းထားတတ်သူမို့ ဂျောင်ကုနဲ့ဖေဖေ့အတွက် ထာ၀ရအားတိုးဆေးတစ်ခွက်ပါပဲ။

ဘ၀မှာအချစ်ရဆုံးက ချစ်ရသူကြင်ဖော်ဇနီးသည်လေးဖြစ်ပြီး အရေးကြီးဆုံးမရှိမဖြစ်လေးကဂျောင်ကုပါလို့ အမြဲဖြေတတ်တဲ့ဖေဖေဟာမိသားစုအပေါ်မှာအရမ်းတာ၀န်ကျေတဲ့အိမ်ထောင်ဦးစီးတစ်ယောက်။ ဂျောင်ကုအတွက်တော့အင်မတန်လုံခြုံသော မဟာတံတိုင်းကြီးတစ်ခု

သားသားလေးကျောင်းပိတ်ရက် မိသားတစ်စု ပျော်စရာအချိန်လေးဖြတ်သန်းချင်တယ်ဆိုတဲ့ မေမေ့ရဲ့တောင်းဆိုချက်ကြောင့် ချစ်သောဖေဖေကအလုပ်တွေမနိုင်မနင်းကြားမှ အချိန်ပေးကာ ရောက်လို့လာသည်က လူသွားလူလာနဲပါးပြီး အလွန်အေးချမ်းလှတဲ့ပန်းခြံတစ်နေရာ။

"အားရီးဂူးးး တို့ယုန်ပေါက်လေးက အရမ်းအစားသန်တာပဲ အသီးနွှာပေးတဲ့ မေမေက အရှုံးပေးနေရတယ်..ဟွန်း"

‌နွှာပြီးသမျှအသီးစိတ်လေးတွေကို ပြည့်ဖောင်းနေတဲ့ လက်သေးသေးလေးတွေနဲ့ အဆက်မပြတ်ကောက်စားနေတာကြောင့် ‌ဂျောင်ကုပိစိလေးမှာ ပါးလေးတွေဖောင်းပြီး နှုတ်ခမ်းလေးစူထွက်နေပုံက တကယ်ကိုချစ်ဖို့ကောင်းနေသည်။ခေါင်းပေါ်ကဆံနွယ်အိအိလေးတွေကိုဖွကာ ပြောလာတဲ့မေမေ့ကြောင့် မျက်လုံးလေးပုတ်ခက်ပုတ်ခက်ဖြင့် ပြုံးကာပြနေသည်မှာ တကယ့်ကိုချစ်မွှေးလုံးလေး..ယုန်ပေါက်လေး။

" ရော့ ဖေဖေရော စား "

Laptopတစ်လုံးကိုပဲအာရုံရောက်နေတဲ့ ဖေဖေ့မျက်နှာရှေ့ကို ပန်းသီးစိတ်လေးထိုးကာကျွေးတော့ ဖေဖေကပီတိ‌တွေအပြည့်နှင့်ခပ်ရေးရေးလေးပြုံးပြကာ စားပေးပါသည်။

HIDDEN FEELINGS {Complete}Where stories live. Discover now