ခေါင်းတွေမူးနောက်လွန်းလို့ မျက်လုံးဖွင့်ဖို့ အချိန်ယူလိုက်ရသည်။ တဖြည်းဖြည်းသက်သာလာတော့မှ မျက်လုံးဖွင့်လို့ ပတ်၀န်းကျင်ကိုဝေ့ဝဲကြည့်သည်။ သန့်ရှင်းသပ်ရပ်လွန်းတဲ့အခန်းကျယ်ထဲမှာ သူ့ပုံကသက်တောင့်သက်သာအိပ်ပျော်နေတဲ့လူတစ်ယောက်ထက်မပို။
မဟုတ်သေးပါဘူး။ သူနောက်ဆုံးသိလိုက်ရတာက လူသုံးယောက်သူ့အနားလာပြီး မျက်နှာပေါ်မှာအ၀တ်အုပ်ခံလိုက်ရတယ်။ ပြီးတော့ ဘာမှမသိတော့တာ။
ဒါဆို သူက ပြန်ပေးဆွဲခံရတာလား။ လက်ကဒဏ်ရာရခဲ့တာကြောင့် ဆိုင်ကယ်စီးလို့မရတော့ပေမယ့် ဝါသနာကစွန့်လွှတ်မရ။ ယောင်းစီစဉ်ပေးတဲ့ လက်မှတ်များကြောင့် သူကြည့်ချင်တဲ့ပွဲများကြည့်ခွင့်ရခဲ့ပြီး ပျော်ရွှင်နေခဲ့တာမလား။
အခု ဘယ်ကိုရောက်နေရတာလဲ။ ရွိုင်းရောဘယ်မှာလဲ။
ကုတင်ပေါ်မှ ကသုန်းကရုန်းဆင်းလိုက်ပြီး အခန်းပြင်ထွက်ဖို့ပြင်သည်။
ရုတ်တရက် သူ့ရှေ့မှာ လူထွားကြီးတစ်ယောက်ပိတ်ရပ်လာကာ လက်ထဲမှMacbookကို သူ့ထံထိုးပေးလာ၏။
"ဘော့စ်က စကားပြောချင်ပါတယ်တဲ့"
မျက်လုံးလေး ပေကလပ်ပြုလုပ်လျှက် သူကလက်ခံပေးရသည်။ လူကြီးက ကြောက်စရာကောင်းလိုက်တာ။
ခဏအကြာ၌ video callတစ်ခုကို လက်ခံရရှိသည်။
"မား!"
"အရမ်းအံ့ဩအောင်လုပ်မိသွားလား မားကလေးလေး"
"ဘာအတွက်လဲမား"
"မင်းကို ငါဘာအတွက် လွတ်လပ်ခွင့်ပေးထားလဲဆိုတာ မေ့နေပြီထင်လို့လေ။ ပတ်ခ်ဂျီမင် အသိလေးကပ်ထားစမ်းပါဦး"
"ကျနော် အခုဘယ်ရောက်နေရပြန်တာလဲ"
"ငါ့စကားကိုဘယ်အချိန်ထိ ဥပေက္ခာပြုနေမလို့လဲ။ ဒါအခွင့်အရေးပေးနေတာနော် မဟုတ်ရင် မင်းကို ခုချက်ချင်းပြန်ခေါ်ထားပြီး ငါ့နည်းလမ်းနဲ့ငါ ကင်မ်ထယ်ယောင်းဆီက စာချုပ်ရအောင်လုပ်လို့ရတယ်"
"ဒါဆို ကျနော်ကခုထိ ကိုရီးယားမှာပဲပေါ့"
"ဟုတ်တယ်။ မင်းခုထိအဲ့မှာပဲရှိနေတာ။ ဒါကြောင့် ငါ့စကားကိုသေချာနားထောင်။ ခဏနေ မင်းကိုလူတစ်ယောက် ပစ္စည်းလာပေးလိမ့်မယ်။ အဲ့ဒါကိုကောင်းကောင်းသုံးပြီး စာချုပ်ရအောင်လုပ်"
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||