ကျယ်ပြောလှသည့်ဟောခန်းမကြီးသည် အမှောင်အတိဖုံးလွှမ်းနေသည်။ စင်မြင့်ထက်၌ သံစဥ်တို့အားလှလှပပကွန့်မြူးနေသော မိန်းမပျိုတစ်ဦးသည်သာ အလင်းရောင်အောက် တည်ငြိမ်စွာတည်ရှိနေသည်။ အဖြူအမည်းခလုတ်များပေါ်သို့ အရှိန်နှုန်းအမျိုးမျိုးဖြင့်ပြေးလွှားနေသော လက်သွယ်သွယ်လေးများပိုင်ရှင်သူမသည် နူးညံ့ကာစွတ်ပျံ့သည့်မွှေးရနံ့ကိုသယ်ဆောင်လာသောပန်းပွင့်လေးပမာ လှပ၏။
မားရဲ့တောင်းဆိုမှုမဟုတ်တောင် ဒီပွဲကိုမီရာက ဖိတ်ထားလို့ လာဖို့ရန်ဂျီမင်တွေးထားခဲ့ပြီးဖြစ်သည်။
တီးခတ်လုပြီးကာနီးသောအချိန်တွင် ပရိတ်သားများရဲ့အရှေ့၌ လူအရေအတွက်တိုးလာသည်။လှုပ်လှုပ်ရွရွဖြစ်နေသောထိုလူများအား သေချာကြည့်လေတော့ သတင်းသမားများဖြစ်နေသည်။
ဂျီမင်လက်ထဲမှပန်းစည်းကို တင်းကျပ်စွာဆုပ်ကိုင်ကာ ထိုနေရာမှတိတ်တိတ်လေးထွက်လာခဲ့၏။ စင်ရဲ့နောက်မှsuitအပြည့်ဖြင့်ရှိနေကြသော မီရာရဲ့ဘော်ဒီဂတ်ထံတည့်တည့်လျှောက်လှမ်းလိုက်သည်။ ထိုလူများထဲမှာမှ မန်နေဂျာဆိုသူသည် မီရာနှင့်အနေနီးသူဖြစ်တာကြောင့် ဂျီမင်ကိုမြင်တာနဲ့သိနေပြီဖြစ်၏။
"မီရာ့ကို သေချာပေးပေးပါ.."
ထိုလူက ဂျီမင်ပေးသောpostcardနှင့်ပန်းစည်းအား ကိုယ်ကိုညွှတ်ကာတရိုတသေယူသည်။ပြီးတာနဲ့ ဂျီမင်ထိုခန်းမမှ အမြန်ပြန်ထွက်လာလိုက်သည်။ မားခိုင်းတဲ့အတိုင်းပွဲကိုလာကြည့်တယ်။ ပန်းစည်းရောက်အောင်ပေးပြီးပြီ။ ငါစီစဉ်မယ်ဆိုပြီးဂျီမင့်ကိုမပြောပြလိုက်တဲ့အပိုင်းကိုတော့ ဂျီမင်ရှောင်ထွက်ခဲ့သည်။
မားပြောတဲ့အတိုင်း အတိအကျလုပ်ခဲ့ပြီးပြီမို့ စိတ်မဆိုးဖို့တော့ပြောဖြစ်မယ်မထင်။
မောင်းထွက်လာခဲ့သည့် ဆိုင်ကယ်သည် ဘယ်ကိုဦးတည်လဲသူမသိ။ လွတ်နေသောသူ့စိတ်သည် နောက်ကျောပြင်အားဖက်တွယ်ကာ လိုက်ပါမည့်တစ်စုံတစ်ယောက်ကိုသာ တမ်းတလို့နေခဲ့သည်။ ဆိုင်ကယ်ဦးထုပ်အောက်မှ ကျဆင်းနေတဲ့မျက်ရည်များသည် လေမတိုးလို့ခြောက်ကပ်သွားခြင်းမရှိ။ ထိုစိုစွတ်သောအနေအထားကိုပင် ဂျီမင်က နှစ်ခြိုက်နေခဲ့ပါပြီ။
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||