Part/17

103 8 0
                                    

ဒီနေ့သူစောစောနိုးနေသည်။ အိပ်ရေး၀ပြီးနိုးရတာမျိုးမဟုတ်ပဲ ပူပင်စရာမရှိတဲ့လူသားတစ်ယောက်ကဲ့သို့နိုးထလာရလို့ သူ့ခေါင်းတွေအမှန်ကိုကြည်လင်နေသည်။ ရေချိုးသန့်စင်ပြီးHoddieအပြာရောင်လေးနဲ့ အဖြူရောင်ဘောင်းဘီရှည်တစ်ထည်ကို၀တ်‌ဆင်ထားသည်။ ပြတင်းပေါက်မှတစ်ဆင့်မော့ကြည့်တော့ အပြာရောင်ကောင်းကင်နောက်ခံနဲ့ တိမ်ဆိုင်ဖွေးဖွေးအချို့ကိုတွေ့မြင်ရသည်။ လှနေလိုက်တာ..။

‌ရာသီဥတုက သူ့စိတ်လိုပဲသာယာ‌လို့နေသည်။

ဘာကြောင့်ရယ်မသိသူ့ရင်ထဲမှာ ရှင်းလင်းပြီးကြည်နူးနေမိသည်။ ကလေးတစ်ယောက်ကမုန့်ဖိုးလေးများစုပြီး သူလိုချင်တဲ့အရုပ်ကိုသွား၀ယ်ခါနီးအပျော်မျိုး သူအခုခံစားနေရသည်။ စိတ်တွေကလန်းဆန်းပြီးပေါ့ပါးနေတော့သည်။ ထူးထူးခြားခြား သူကသူ့ရဲ့ဆံပင်များကိုသေချာစွာဖြီးသင်ထားပြန်သည်။ အနက်ရောင်လှိုင်းတွန့်ဆံနွယ်တွေ ဖုံးကွယ်မထားလို့ ပြောင်ရှင်းနေသောသူ့မျက်နှာသွယ်သွယ်ဟာ သူ့စိတ်ကိုပိုကျေနပ်စေသည်။

*ဒေါက် ဒေါက် ဒေါက်~

"သားထယ်..သား"

အင်း..။မေမေ့ရဲ့အသံကလည်း ဒီနေ့မှ သူ့နားထဲပိုပြီးချိုသာနေတယ်။

"အိုး..သားနိုးနေပြီ..သွားစရာရှိလို့လား"

ထူးခြားနေတဲ့သူ့ပုံကိုမြင်လို့အံ့ဩသွားတဲ့ မေမေ့ကိုကြည့်ပြီး ထယ်ယောင်းပြုံးပြဖြစ်သည်။ သူ့အပြုံးကိုမြင်ပြီး မေမေကထပ်၍အံ့ဩနေပြန်ပါသည်။ ထယ်ယောင်းလည်းသူ့ကိုယ်သူမသိတော့ပါဘူး။ ဒီနေ့သူဘာလို့ အလိုလိုစိတ်အရမ်းကြည်နေလဲ။ နေ့စဉ်ထယ်ယောင်းခေါင်းအထက်မှာ တဝီဝီရစ်၀ဲနေတဲ့အရာတွေက ဒီနေ့တော့မရှိကြဘူး။ သူသိသည်က ထယ်ယောင်းတစ်စုံတစ်ခုကိုရင်ဆိုင်ကြည့်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာပဲ။

"သားကိုကြည့်ရ‌တာပျော်စရာကိစ္စရှိနေတယ်ထင်တယ်..မေမေ သားကိုအခုလိုမြင်ရတာအရမ်း၀မ်းသာတာပဲ.."

"အော"

ဂုတ်ပိုးအားခပ်ဖွဖွပွတ်ရင်း တစ်ခွန်းထဲသာပြန်ဖြေဖြစ်တဲ့ထယ်ယောင်းကို မေမေက သူ့ဆံပင်ပုံမပျက်ရအောင်သပ်တင်ပေးနေလျှက် တယုတယကြည့်သည်။ ထို့နောက်သူမက အလှပဆုံးအပြုံးပန်းများကို ထယ်ယောင်းအားပြန်ပေးလေသည်။

HIDDEN FEELINGS {Complete}Where stories live. Discover now