"CEO!"
"ဘယ်သူရောက်နေပြန်လို့လဲ မွန်hyung.."
ဂျောင်ကုမေးတော့ မန်နေဂျာမွန်မျက်လုံးအပြူးသားနှင့် ကြည့်သည်။
"ဘာလဲ ရုံးချုပ်ကဥက္ကဌကိုယ်တိုင် ရောက်လာလို့လား..ဟားဟ"
"ဟုတ်တယ်"
"ဘယ်လို!"
သူရောက်တာနဲ့ သူ့မန်နေဂျာပြူးတူးပျာတာဖြစ်နေရင် အရေးကြီးတစ်စုံတစ်ယောက် ရောက်နေလို့ပဲဖြစ်မည်။ ထင်တဲ့အတိုင်းလည်းဟုတ်နေပြန်၏။
ဒေါ်လေးက ခုံမှာပဲထိုင်ပြီးအမိန့်ပေးနေလို့မရတော့တာကို သိသွားလေပြီ။
"ဘယ်မှာလဲ"
"CEOရဲ့ ရုံးခန်းထဲ.."
"ကျစ်! ဒီမှာ မွန်မန်နေဂျာ ကျနော့်ခွင့်ပြုချက်မရပဲ ကျနော့်အလုပ်နေရာကိုဘယ်သူ့ကိုမှ ၀င်ခွင့်မပြုဖို့မှာထားတယ်မလား!"
"အခု အခုဟာက ရုံးချုပ်.."
"သမ္မတဖြစ်နေရင်တောင် အိမ်ရှင်ခွင့်ပြုမှ အိမ်ထဲကို၀င်လို့ရတာ!"
ခုနောက်ပိုင်း ဂျောင်ကုစိတ်ဆတ်လာတယ်။ ဒါကြောင့် ဂျောင်ကုလို့ပင်မခေါ်ရဲသည်အထိဖြစ်နေရသည်။ CEO၀င်လာပြီဆိုတာနဲ့ သူတို့ကုမ္ပဏီတစ်ခုလုံးက ရေခဲတိုက်ထက်ပိုပြီးအေးစက်ငြိမ်သက်သွားတတ်တာ ရက်အတော်ကြာပါပြီ။
ဘာကြောင့်လဲတော့ မသိပေမယ့် အန္တရာယ်ဆိုသည့်ဆိုင်းဘုတ်တစ်ခုကိုတော့ CEOရဲ့ နံဘေးမှာ ထင်ထင်ရှားရှားတွေ့မြင်နေရ၏။
ထပ်ပြီးအတွန့်မတက်ရဲတာနဲ့ ခြေလှမ်းကျဲကြီးများနောက် မန်နေဂျာမွန် မှီအောင်လိုက်ရတော့သည်။
_
ဂျောင်ကုတံခါးကို ဆွဲဖွင့်လိုက်ခြင်းဟာ ညင်သာမှုတစ်စက်မျှမရှိ။
အခန်းတံခါးပွင့်လာတာနဲ့ လေထုကမလတ်ဆတ်တော့လို့ နှာခေါင်းကိုသိသိသာသာရှုံ့လိုက်မိသည်။
"CEOတစ်ယောက်က ဒီလိုအချိန်မှ ရောက်လာတာတဲ့လား ပြီးတော့ သူ့နေရာနဲ့သူ ၀တ်စားရမယ်ဆိုတာ မသိဘူးလား။ ဒီလိုမျိုးအုပ်ချုပ်နေမယ်ဆိုရင် လုပ်ငန်းတွေက.."
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||