လျှော့လွန်းတဲ့ကြိုးဟာခိုင်မြဲမှုမရှိဘူးလို့သိထားလျှင် တင်းလွန်းတဲ့ကြိုးကလည်းပြတ်တောက်သွားတတ်သည်ကိုမေ့ထားလို့မရ။ ငယ်စဉ်ထဲကအရိုးစွဲအောင်သွန်သင်လာခဲ့ရသော စည်းစိမ်ပကာသနများနှင့်မောက်မာမှု။ဖခင်ဖြစ်သူဟာမျက်နှာဖုံးမည်မျှပိုင်ဆိုင်ထားသည်လဲ သူမသိခဲ့။မရရှိခဲ့သောမိခင်မေတ္တာအားအသက်အရွယ်အမျိုးမျိုးသောမိန်းမသားများဆီမှ နည်းပေါင်းစုံဖြင့်ရရှိခဲ့သည်။
သေချာပေါက်စစ်မှန်ခြင်းမရှိ။
ပြတ်သားပြီးထက်မြက်တဲ့သူဟာစည်းကမ်းတွေနဲ့နေသားကျရုံမက အရွယ်အစားစုံသောသူ၏မိထွေးများဖြင့်လည်း မထူးဆန်းစွာနေတတ်လာခဲ့သည်။ချစ်တတ်တဲ့အရွယ်ရောက်သောအခါ ချစ်ခင်စုံမက်ရသောမိန်းခလေးအား ချစ်စကားပင်မဆိုခဲ့။ သူ့အားသဘောကျလျှင်လက်ထပ်ဟုဆိုကာ ဖခင်ဖြစ်သူထံဆွဲခေါ်လာခဲ့သည်။အနေအေးကာအလွန်ရိုးသားလွန်းသောသူမကို သူအမှန်တကယ်ပင်ချစ်မြတ်နိုးပါသည်။
သို့သော် အချိန်ကာလများစွာထိချစ်ကြောင်း၀န်မခံခဲ့သည်မှာ သူတစ်ခါမှမကြားခဲ့ရဖူးသောစကားဖြစ်တာကြောင့်ဖြစ်မည်။
သားတစ်ယောက်မွေးတဲ့အထိသူ့မှာနူးညံ့မှုရှိမလာခဲ့။ ပြတ်သားမြဲပြတ်သားဆဲ။နားလည်လွန်းသောအိမ်သူသည်အရာရာအား အလိုက်သိစွာဖြည့်ဆည်းပေးခဲ့သည်။ သူမနှင့်သားလေးဟာသူ့အတွက်အလွန်တန်ဖိုးကြီးသောအရာ။ ခက်ထန်လွန်းတဲ့စည်းစနစ်များနဲ့နေသားကျနေသူက သားဖြစ်သူအပေါ်မှာလည်း ထိုနည်းအတိုင်းသာ။သားလေးလူမမယ်ခင်သိလိုက်ရတဲ့ အရာတစ်ခုဟာ မိမိ၏နှလုံးမှာ အခြေအနေတစ်ခုထိပျက်ဆီးနေပြီ။
ငယ်စဉ်ထဲကအားနည်းလွန်းတဲ့သူ့နှလုံးကို ဂရုစိုက်မယ့်သူမရှိတဲ့သူက သူကိုယ်တိုင်လည်းပစ်ပယ်ထားခဲ့တယ်။
အချိန်မကျန်တော့တဲ့သူက သားဖြစ်သူကိုသူ့ထက်ပိုသန်မာစေချင်သည်။ထုရိုက်ပါများတဲ့အိုးဟာအိုးကောင်းတစ်လုံးဖြစ်လာမည်အထင်က သူ့ကိုမှားယွင်းစေခဲ့သည်။ သို့ပေမယ့်သူ မတတ်စွမ်းသာ။ တစ်စတစ်စပိုကြီးမားလာသည်က မိမိထက်အဆများစွာအေးစက်နေသော သားဖြစ်သူ၏ နှလုံးသား။ မမြင်သာနိုင်စွာကာကွယ်ပေးမှုတွေကနည်းလမ်းမကျတော့ ကျန်ခဲ့တဲ့အရိပ်တွေဟာ အတိတ်တွေကိုစွန်းထင်းစေခဲ့သည်။
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||