ဒုတိယမြောက်နေ့..!
ယောင်းနဲ့သူ မတွေ့ရတာနှစ်ရက်ကြာခဲ့ပြီ။ ဆက်သွယ်လာတာမျိုးလည်းမရှိသလို။ လိုက်ရှာနေခဲ့မှာလည်းမဟုတ်ပါဘူး။ ဂျီမင့်ဘ၀ဟာအရှုံးတွေချည်းသာ ပိုင်ဆိုင်ရသည်။ အချစ်ရေးမှာလည်း အရှုံးဘက်ကသာ။
အနိုင်အရှုံးခွဲခြားနေရင် အချစ်မဟုတ်နိုင်တော့ဘူးဆိုပေမယ့်လည်း ဂျီမင့်အတွက်တော့ ဘယ်လိုကြည့်ကြည့်ရှုံးနေပြီးပြီ။
ချစ်တယ်တဲ့။
ချစ်ရသူက ဂျီမင့်အကြောင်းကိုစိတ်၀င်တစားမေးမြန်းတာမျိုးမရှိဖူး။ ဂျီမင့်ကိုဂရုတစိုက် အရိပ်အကဲကြည့်နေတာမျိုးမကြုံဖူး။ ကုန်ကုန်ပြောရရင် ယောင်းအတွက်အရေးပါသူဟာ သက်သက်ရှိနေခဲ့ပြီးဖြစ်၏။
ပထမညမှာMin Yoongiဆိုသူရဲ့အကူအညီနဲ့ အိပ်စရာရခဲ့တယ်။ ဒုတိယနေ့မှာတော့ မီရာရောက်လာလို့ သူ့အတွက်ဘာမှပူစရာမလိုတော့။
သူများအကူအညီမှမရရင် အဆင်မပြေတဲ့ဂျီမင်က ရဲစခန်းထဲ၀င်သွားတဲ့ကားပိုင်ရှင်ကြောင့် အပူတွေနဲ့ နေမထိထိုင်မရဖြစ်ခဲ့သေးတာ။
နောက်မှသိလိုက်ရတာက ဂျီမင်ဆိုတာဘယ်လိုနည်းတွေနဲ့ပေးဆပ်ထားပါစေ ဘယ်သူ့အတွက်မှ အရေးမပါခဲ့ခြင်းကိုသာဖြစ်၏။
သူ့မှာ ဒီထက်ပြိုလဲစရာလည်းမရှိတော့ပါဘူး..!
*ဒေါက် ဒေါက်~~
"ဂျီမင်.."
ပါးထက်ကမျက်ရည်တွေကို မီရာမမြင်စေဖို့ မြန်မြန်ရှင်းပစ်လိုက်ရသည်။ သူဒီလိုဖြစ်နေတာကိုမြင်ရင် ချက်ချင်းအင်္ဂလန်ပြန်ဖို့လုပ်လိမ့်မည်။
"မီရာ..ဘာလို့လဲ"
"နင် တစ်နေကုန် အခန်းထဲမှာနေနေတာ နေမကောင်းလို့လား.."
"မဟုတ်ပါဘူး.."
"ဂျီမင် နင့်ခြေထောက်ဘာဖြစ်ထားတာလဲ လမ်းလျှောက်တာတစ်မျိုးပဲ"
"ဟင်! ဘာ ဘာမှမဖြစ်ပါဘူး.."
"ဘာလို့မဖြစ်ရမှာလဲ လမ်းလျှောက်တဲ့ပုံကလုံး၀မဟုတ်ဘူး။ ဘာဖြစ်တာလဲပြော ဒါမှဘယ်ဆေးသုံးရမလဲ ဘာညာသိမှာပေါ့"
YOU ARE READING
HIDDEN FEELINGS {Complete}
Fanfiction{Uni & Zawgyi} OTP အစွဲရှိရင် မဖတ်ဖို့ပြောချင်ပါတယ်!! ∆ Vminkook ||