Part/10

117 9 0
                                    

လူရယ်လို့ဖြစ်လာပြီဆိုထဲက စားရေး၊နေရေး၊လူမှုရေးစသည်‌များကို မဖြစ်မနေရုန်းကန်ကြရပါတော့သည်။တကယ်တမ်းသေချာစဉ်းစားကြည့်ရင် ချမ်းသာပါစေဆင်းရဲပါစေအားလုံးက ဒီ၀မ်းတစ်ထွာလေးဖြည့်ဖို့အရေး နည်းအမျိုးမျိုးနဲ့ရှာဖွေလုပ်ကိုင်နေကြတာပဲ..။

အခက်အခဲအကျပ်အတည်းတွေမရှိပေမယ့် လူချမ်းသာရယ်ပါဆိုပြီးလုပ်နေရတဲ့လုပ်ငန်းကိုင်တာတွေက လွယ်ကူနေတာလည်းမဟုတ်ပါဘူး။ အရာရာတိုင်းမှာ သူ့အခက်အခဲနဲ့သူတော့ရှိနေကြမှာပေါ့..စိတ်၏ခေါ်ဆောင်ရာကြောင့်သာ အားတင်းရပ်တည်နေကြသည်မလား..။

ဖွားက ဂျောင်ကုကျောင်းပိတ်ရက်ကာလအတွင်းဦးစီးဖို့သ‌ဘောတူပေးခဲ့သည်။ ဒီနိုင်ငံမှာရှိတဲ့ကုမ္ပဏီခွဲတစ်ခုလေးကို သူပင်ပန်းနေရပါပြီ။ အတွေ့အကြုံနုသေးလို့ပဲပြောရမည်ထင်သည်။ သို့သော်လည်း‌ ဂျောင်ကုလက်မလျှော့ခဲ့။ ကြိုးကြိုးစားစားလုပ်နိုင်လွန်းတဲ့ကြားက ရံဖန်ရံခါငြီးငြူမိပါတော့တယ်..။

လုပ်ငန်းစုကြီးတစ်ခုလုံးကိုဦးဆောင်ခဲ့သောဖေဖေ ဘာကြောင့်မိသားစုအပေါ်တာ၀န်များလစ်ဟင်းခဲ့ရသလဲ ဂျောင်ကုဖြေးဖြေးချင်းပဲနားလည်လာတတ်ခဲ့ပြီ။ ဖေဖေ အရမ်းပင်ပန်းခဲ့ရမှာပဲ..။မတည်မြဲသောချစ်ခြင်းတရားတို့အား သာယာကြည်နူးမှု၊ဦးစားပေးဆက်ဆံမှုများကြီးစိုးလေတော့ ဖောက်လွဲဖောက်ပြန်ခြင်းကဖြစ်တည်လာခဲ့သည်။

စိတ်ရောကိုယ်ပါပင်ပန်းလွန်းသူကို မေမေဘာကြောင့်များထားခဲ့ဖို့လုပ်နိုင်ရတာလဲ..!

လူသားနှစ်ဦးရေရှည်တည်မြဲစွာအတူရှိနေနိုင်ဖို့ အချစ်ဆိုသောအရာထက်သစ္စာတရားနှင့်ယုံကြည်နားလည်နိုင်ခြင်းကသာပို၍အရေးပါသောအရာဟု ဂျောင်ကုစွဲမြဲစွာမှတ်သားထားသည်။ မိမိအတူလက်တွဲသွားလိုသူမှလည်း အချစ်ကိုလိုလားခြင်းမရှိဟုပြောလေတော့ ထိုသူကိုနားလည်ပေးမည်။ဒီထက်ပို၍သည်းခံပေးလိုက်မည်။ ယုံကြည်ပါမည်။ဖေဖေလိုအဖြစ်မျိုးဂျောင်ကုမဖြစ်ချင်။လုံလောက်တဲ့ပျော်ရွှင်မှုရနိုင်ရန်အချိန်များစွာပေးပါမည်။

ရှေ့ဆက်ပြီးအခက်အခဲပြဿနာတွေအတူလက်တွဲရင်ဆိုင်ဖြေရှင်းမယ်။ ထယ့်ကိုရင်ဖွင့်လို့အားအင်တွေယူမယ်။ ထယ့်မျက်နှာကိုကြည့်လို့အမောဖြေမယ်။ထယ့်အပြုံးတွေကနေစွမ်းအားတွေရမယ်။ ထယ့်စကားသံတွေနဲ့ဦးနှောက်ဆေးကြောမယ်။ ထယ့်အငွေ့အသက်တွေနဲ့လုံခြုံမှုကိုရယူမယ်။ ထယ့်အကြောင်းတွေတွေးလို့ခုလိုထယ်အနားမရှိချိန် ဂျောင်ကုအလွမ်းဖြေမယ်..။

HIDDEN FEELINGS {Complete}Where stories live. Discover now