"Hello ခြူးလား...ငါပါ သက်လျာ"
ကျောင်းသွားအပ်ဖို့ သူငယ်ချင်းဖြစ်သူကို ဖုန်းဆက်ပြီးခေါ်နေလေသည်။
"သက်လျာ...ဖုန်းနံပါတ် အစိမ်းကြီးနဲ့ရော ဘာလဲ နင်ဖုန်းအသစ်ရသွားပီလား ဟဲ့ဟုတ်လား ဟဲ့ဟုတ်လားလို့"
အလန့်တကြားမေးနေတော့သည်။
"ဖုန်းအသစ်ရတာဟဲ့လဒမရဲ့ နောက်ဘုရားပွင့်သွားတာမဟုတ်ဘူး တကတည်း အသက်လေးရှူပီးမေးအုံး ဇွတ်တွေကိုမှ နင်ဆိုသည်မှာ"
နှင်းသက်လျာ စိတ်မရှည်တော့ပေ။
"ကျောင်းအပ်ဖို့ ကိစ္စပြောမလို့ ပီးတော့ နောက်ထပ် အရေးကြီးတဲ့ကိစ္စလဲ ပြောစရာရှိတယ်ဟ ငါ့ကို hotel လာခေါ်ပေး ငါလိပ်စာကို message ကပို့လိုက်မယ်"
"အင်း သက်လျာ ငါခနနေလာခေါ်မယ်..."
ဒီဟာမ မလွယ်ကြောပဲ။သိနေတယ် သက်လျာရေ နင်ဘာကြောင့် အလောတကြီးခေါ်ရလဲ ငါသိနေတယ်။
"ကိုကိုကြီး မြခက် ဝင်လာလို့ရမလား..."
ဒေါ်မြခက်ချယ် စိတ်ထဲတွင် မတင်မကျဖြစ်နေသော အရာအား ဦးမြတ်သူရပင် ကူညီနိုင်လိမ့်မည်။
"ကိုကိုကြီး မြခက်ကို ဟိုလူအကြောင်း စုံစမ်းပေးပါလား"
မဝံ့မရဲပြောလိုက်လေသည်။ဦိးမြတ်သူရလဲ ညမဖြစ်သူ ဒေါ်မြခက်ချယ်အား ထူးဆန်းစွာပင် ကြည့်နေတော့သည်။
"မြခက်ပြောတာကို ကိုကိုကြီး သဘောပေါက်တယ် ဘာကြောင့်များပါလိမ့် ငါ့ညမရယ် အနှစ် ၂၀တောင် ရှိနေပီလေ"
ဒေါ်မြခက်ချယ် စိတ်ထဲအတော်ပင်လေးလံနေသည်။ဘာကြောင့်များလဲ ဟိုကလေးမလေးကြောင့်များလား။
"အကြောင်းရှိလို့ အကျိုးဖြစ်လာရတာပါ ကိုကိုကြီး မြခက်မေ့ထားတာကြာခဲ့ပါပီ ဒါမဲ့ မြခက်နာကျင်ခဲ့ရတာတွေအတွက် သူ့မှာတာဝန်ရှိတယ် ကိုကိုကြီး ဒါကြောင့်မို့ မြခက်ကို စုံစမ်းပေးပါကိုကိုကြီး"
ဆိုးဆေးဟူ၍တစိုးတစိမျှမပါသော ပန်းနုရောင် နှုတ်ခမ်းနှလွှာအားခပ်တင်းတင်းစေ့ကာ နုဖက်နေသောလက်လေးများအား ကျစ်ကျစ်ပါအောင် တင်းထားသည်မှာ အကြောစိမ်းလေးများပင် ပေါ်လွင်နေလေရဲ့"
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖