Part-13

417 41 2
                                    

"ဖေကြီးရေ...ဖေကြီး သမီးပြန်လာပီ"

အိမ်ရှေ့ရောက်ရောက်ချင်း ကားပေါ်မှ ပြေးဆင်းကာ ဒေါ်မြခက်ချယ်ကိုပင်မစောင့်နိုင် အိမ်ထဲပြေးဝင်တော့သည်...

"အော်...ဒီကလေးနှယ် အိမ်ရောက်တာနဲ့ ငါ့ကိုပါလာတယ်လို့တောင် မထင်တော့ပါလား"

တယောက်ထဲ ကားပေါ်တွင် ရေရွတ်နေလေသည်...

"ဟေ...သမီးလေး ဘယ်ကနေဘယ်လို ဖေကြီးတို့ကိုဖုန်းလဲမဆက်ပါလား"

သက်လျာအသံကြားတာကြာင့် ဦးသက်အောင်တယောက် အိမ်ပေါ်မှ ဆင်းလာတော့သည်...

"ဖေကြီးကလဲ...ဖေကြီးတို့ surprise ဖြစ်အောင် မီးကမတမင်မပြောထားတာ...ဟဲဟဲ"

အဖေဖြစ်သူအား ကပ်ချွဲနေကာ ချစ်သူ‌အား မေ့နေခဲ့လေပြီ(နှင်းသက်လျာ အထောင်းခံရတော့မှာ ငါတော့မြင်ယောင်မိသေး)

"မီးလေး တယောက်ထဲပြန်လာတာလား"

ဒါက မိခင်ဖြစ်သူမှ ကြိုဆိုပြီး မေးသောအမေး...

"မဟုတ်ပါဘူး မေကြီးရဲ့ အန်တီလဲပါလာတယ်"

သက်လျာတယောက်အနောက်ကိုလှည့်ကြည့်သော်လဲ ဒေါ်မြခက်ချယ်နှင့်တူသော အရိပ်ပင်မတွေ့ရ ထိုအခါမှ...

"ဟာ...ဟာ...သွားပြီ ငါးပါးတင်မဟုတ် ဘုန်းကြီးကျောင်းပါ ဇောက်ထိုးဖြစ်ပြီ သက်လျာရေ...သူ့ကိုမှမေ့နေရသလားဟ.."

ကိုယ့်နဖူးကို လက်ဖြင့်ရိုက်ကာ ဒေါသအိုးရဲ့ ဒေါသအရမ်းမဆူလာခင် သွားခေါ်ရတော့သည်...

"ဒေါက်...ဒေါက်..."

မောင့်ချစ်သူက ကားပေါ်မှမဆင်းလာတာကြောင့် တုန်တုန်ရီရီဖြင့် မှန်အားခေါက်လေသည်...

"ဘာလဲ! ဘာကိစ္စလဲ!"

"အမလေး ဂျပန်နိုင်ငံမှာ နျူကလီယားဗုံးပေါက်တာထက်အခြေအနေပိုဆိုးတော့မယ် သက်လျာရေ..."

ပွစိပွစိဖြင့် တယောက်ထဲပြောနေတော့သည်...

"အချစ် ...ဟို...ဟိုဟာလေ...ကားပေါ်ကနေဆင်းလေ အိမ်ထဲလာလေ"

အိမ်ပေါက်ဝသို့ လက်ညှိုးလေးညွှန်ကာပြနေသော သက်လျာအား ရီချင်နေမိသည် သို့သော် သူ့အားမေ့နေခဲ့သောကြောင့် မာန်လေးကတော့ရှိသည်မလား...

သူမသည်သာ💖(Ongoing)Where stories live. Discover now