လေဆိပ်မှ ပြန်လာကြကာ တည်းမယ့် Hotel သို့သွားကြလေသည်။
"သက်လျာရယ် တို့အိမ်မှာတည်းပါဆိုတာကို တကယ်တည်း"
Hotel မရောက်မချင်း ကားပေါ်တွင်လဲသက်လျာဘေးနားထိုင်ကာ သူ့အိမ်မှာမတည်းရကောင်းလားဆိုပြီးပြောနေသည်မှာ....
"သက်လျာတို့ booking ကြိုချိတ်ထားလို့ပါအန်တီ နောက်တခေါက်မှပေါ့"
ပြုံးရုံသာပြုံးပြီးပြောလိုက်ပေမဲ့ နောက်တခါဆိုတာရှိမလာတော့ဘူးဆိုတာ သက်လျာက်ိုယ်တိုင်အသိဆုံးဖြစ်သည်။
"ဪ ဒါနဲ့ အန်တီထိပ်ထား မနက်ဖြန် မနက် breakfast ကျွေးချင်လို့ အက်တာ..."
"ရတယ်လေ ရတယ် တို့က ကျွေးရမှာကိုအားနာစရာ ဒါဆိုမနက်ဖြန်တို့ဆိုင်ကိုပဲလာခဲ့လိုက်လေ"
စကားဆုံးအောင်တောင်ပြောခွင့်မပေးသော ထိုအမျိုးသမီးအား Hanaနားမလည်နိုင်စွာဖြင့် ကြည့်နေသည်။
"ဟုတ်ကဲ့ လာခဲ့ပါမယ် အန်တီ မြခက်ကိုပါချိန်းပေးနော်"
ထိုစကားကိုဘာလို့ပြောထွက်သွားမှန်း ကိုယ်က််ိုတိုင်ပင်မသိလိုက်ပေ။
"ကောင်းပြီ တို့ပြန်လိုက်အုံးမယ်"
မပတ်သတ်စေချင်လို့ အဝေးမှာနေခိုင်းခဲ့တာ မင်းကတော့ တမ်းတလို့ပါလား။
ဒေါ်ထိပ်ထားနွယ် အိမ်ရောက်ရောက်ချင်းပင် မြခကအားဖုန်းဆက်ကာ မနက်ဖြန်လာခဲ့ဖို့အကြောင်း ပြောနေပေမယ့် မြခက်အသံပုံမှန်မဟုတ်တာတော့ ရိပ်စားမိသည်။
"Hana ကားအဆင်သင့်ပဲလား"
BOSS တံဆိပ် ရှပ်ကော်လံအနက်ရောင်အား style pant အနက်ရောင်ထဲထည့်ဝတ်ထားကာ အင်္ကျီလက်အားခေါက်လျက် သွားဖို့ရာပြင်ဆင်နေသည်။
"ဟုတ်ကဲ့ Kei သွားလို့ရပါပြီ"
မိန်းမချင်းတောင်ကြွေချင်စရာကောင်းသော နှင်းသက်လျာ ... wolf cut ဆံပင်အား ခဲရောင်ဆိုးထားသောသူမ နှင့် ဖြူဝင်းသောအသားအရေတို့မှာ အလွန်ပင်ကြည့်ကောင်းလှသည် shoes အနက်ကိုစီးကာ ကားပေါ်မှ တလှမ်းချင်းဆင်းလာသော သူမအား ယောက်ျားလေးတယောက်နှင့်အတော်ပင်တူလှသည်။
![](https://img.wattpad.com/cover/312260806-288-k142183.jpg)
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖