Part-7

478 39 2
                                    

"အန်တီမြခက် သက်လျာမေးနေတာဖြေအုံးလေကွာ..."

သက်လျာတယောက်အရပ်ဂလန်ဂလားကြီးနဲ့ဒူးထောက်နေတာအတော်ကြာနေပီ။ဒေါ်မြခက်ချယ် ဒဏ်ပေးထားသလားပဲ။

"တို့လဲ တို့..တို့လဲ မင်းလိုပါပဲကွယ် ..."

ဒေါ်မြခက်ချယ်၏ ဘယ်ဘက်ရင်ထဲမှ အကောင်ပေါက်သည် အခုမှ လွတ်လပ်စွာပင် ခုန်ပေါက်နေတော့သည်။

"တကယ်ပြောတာလား...ပီးမှ ပြန်မရုတ်သိမ်းရဘူးနော်..."

သက်လျာအပျော်လွန်‌ေန‌ေတာ့သည်။အနေအထားက‌ေတာ့ ဒေါ်မြခက်ချယ်ကသက်လျာရင်ခွင်ထဲမှာ။

"ကဲ...လွှတ်ပါအုံး တို့အသက်ရှူကြပ်လှပီကလေးမ"

"မင်းကျောင်းထဲမှာနော် အရမ်းရဲတင်းလွန်းတာပဲ"

ဒေါ်မြခက်ချယ် အောက်နှုတ်ခမ်းပါးလေးကို ကိုက်ကာ ပြောနေပုံမှာ မြင်ရသူအဖို့ ကျောပါချမ်းလှသည်။

"ဟဲဟဲ.. ဒီနေရာကသက်လျာပိုင်နက်လေ..ပိုင်နက်ကျူးကျော်ရင်တော့ တရားစွဲရမှာပဲ..."

"အလိုတော်...ကျွန်မကို ရှင်က တရားစွဲမတဲ့လား ဒေါ်နှင်းသက်လျာ..."

သက်လျာထိုအမျိုးသမီးကိုဖက်ချင်သည့်ဆန္ဒများနေ့ချင်းညချင်းပြည့်တော့သည်။

"စီရင်ချက်က....နှင်းသက်လျာဆိုတဲ့ ဒီကကောင်မလေးနားမှာ...ဒေါ်မြခက်ချယ်ဆိုတဲ့ ဟောဒီကအမျိုးသမီးက တသက်တကျွန်း နေစေတဲ့..."

နှင်းသက်လျာ လက်ညှိုး‌ေလးဖြင့် သူတလှည့် အမျိုးသမီးတလှည့်ထိုးပီးပြောနေပုံက တကယ့်ကလေးသဖွယ်။

"မင်း UFL မတက်သင့်ဘူးသိလား... lawyer လုပ်ဖို့ကောင်းတယ်ကလေးမ..."

တညနေလုံး ကံ့ကော်ပင်အောက်ထိုင်ကာ စကားပြော‌လိုက် ရီလိုက်ဖြင့်ပင်။

"ခြူး...ငါအဆောင်ရောက်နေပီနော်...မနက်မှကျောင်းမှာတွေ့မယ် နင့်ကိုငါဖုန်းလှမ်းဆက်ထားတာ..."

"အေး...မနက်မှတွေ့မယ် ဒါပဲနော် "

သက်လျာတယောက်ထိုညကတော့ အတွေးများစွာဖြင့်အိပ်ပျော်နိုင်မယ်မထင်...။

သူမသည်သာ💖(Ongoing)Where stories live. Discover now