ဦးသက်အောင် ငွေလွှဲပြီးကြောင်း သက်လျာအားဖုန်းဆက်ပြောသည်။ဒေါ်မြခက်ချယ်မှာတော့ ထိုင်မရထမရနဲ့ စိတ်ထဲလေးနေသည်။
"အချစ်ပြန်မယ်လေ...မိုးချုပ်တော့မယ်"
"အော်...အင်း...အင်းပြန်မယ်လေ"
Bank account တောင်းထဲက ကတုန်ကရင်ဖြစ်နေသော သူမအား သက်လျာ အရိပ်တကြည့်ကြည့်ဖြင့်သာ...ဘာဖြစ်နေသလဲမမေးရဲ မေးရင်လဲ အအော်ခံရမှာလဲ စိုးရသည်။
"အချစ် အဆောင်ကျော်သွားပီ...ဟူးးး"
"ဟင်...ဟုတ်လား... sorry ကွယ်...ပြန်ကွေ့ပေးမယ်"
ကားမောင်းတော့လဲ စိတ်နဲ့ကိုယ်နဲ့ကပ်ပုံမပေါ် ဒီအမျိုးသမီးတယောက်ထဲပြန်မှာကို သက်လျာဘယ်လိုစိတ်ချရမလဲ....
"ပြန်မကွေ့နဲ့တော့ အချစ်အိမ်ကိုပဲ သွားတော့..."
"ဘာဖြစ်လို့လဲ..."
"မမေးပါနဲ့ အချစ်အိမ်ကိုသာ သေချာဖြောင့်ဖြောင့်တန်းတန်းသွား"
တယောက်ထဲစိတ်မချသဖြင့်လိုက်ပို့ချင်သော်လဲ ကိုယ်တိုင်က ကားမမောင်းတတ်တော့ ခက်သား....
"ငါ...ကားမောင်းသင်အုံးမှပါ...ဒီပုံစံခနခနဖြစ်နေရင်မလွယ်ဘူး...ဟင်းးးး"
သက်ပြင်းတချချနဲ့ပင်...အမျိုးသမီးအားကြည့်ကာ စိတ်ထဲမှ ပြောနေသည်...သူမကတော့ ဘယ်ကြားလိမ့်မလဲ သူမအတွေးနှင့်သူမကို....
"ကဲ...ရောက်ပီ ဒါတို့အိမ်ပဲ...အထဲဝင်အုံး"
"အိမ်ကြီးက အကြီးကြီးပဲ...လှလိုက်တာ...."
သက်လျာတယောက် ခြံထဲလှည့်ပတ်ကြည့်ကာ မြင်မြင်သမျှအရာရာတိုင်းကို လှတယ်ဟုသာဆိုနေတော့သည်။
"အင်းပေါ့ လှမှာပေါ့ အိမ်ရှင်ကလဲ လှတာကိုး အမိရဲ့..."
ခုမှပဲ ဒေါ်မြခက်ချယ်ရဲ့ အရွှန်းဖောက်သံလေးကိုကြားရတော့သည်...
"မြခက် ဒီနေ့စောသားပဲ....ဒါနဲ့ ဧည့်သည်ပါလာတာပဲ...."
ဧည့်ခန်းထဲထိုင်ကာ စာအုပ်ဖတ်နေသော အကိုမှ ညမဖြစ်သူအစောပြန်လာသည်ကိုပင် အံ့ဩမိနေပုံ....
"ဟိတ် ခနထိုင်အုံး....တို့အပေါ်တက်ပြီး အဝတ်စားလဲအုံးမယ်..."
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖