Part-14

452 42 2
                                    

သက်လျာညဝတ်အင်္ကျီဝမ်းဆက်ကလေးဖြင့် အခန်းအပြင်ဘက်ထွက်ကာ ဝရန်တာရှိ ထိုင်ခုံလေး၌ ထိုင်ပြီး ကြယ်တွေကိုကြည့်နေတော့သည်....

"ဟိတ် ချာတိတ် ဘယ်ရောက်နေတာလဲလို့ တို့က လိုက်ရှာနေတာ"

ရေချိုးခန်းထဲကထွက်တော့ သက်လျာကိုမတွေ့သဖြင့်စိတ်ပူစွာ လိုက်ရှာနေမိသည်....

"မောင်ကဘယ်မှမသွားပါဘူး...ဒီနေရာလေးက မောင်အမြဲတမ်း လာထိုင်နေကြ..."

"အို...အမေ့!"

ထိုအသံမှာဒေါ်မြခက်ချယ်အား ဆွဲချကာ သူမပေါင်ပေါ်တင်လိုက်ခြင်းကြောင့်ပင်...

"ဟယ်...ဘယ်လိုဖြစ် တော်တော်ကဲနေပါလား"

"ဟဲဟဲ ဒီညလေးကတော့ လှလှပပလေးကုန်ဆုံးတော့မှာပဲ"

ဒေါ်မြခက်ချယ်ရဲ့ နားရွက်လေးအား ဖွဖွလေးကိုက်ကာ ပြောနေတော့သည်...အပျိုကြီးကတော့ ရှက်လို့နဲ့တူပါရဲ့ မျက်နှာလေးကိုရဲလို့....

"ဟယ်...ဒီကလေး ငါလုပ်လိုက်ရ ဘာတွေပြောနေသလဲ"

"တကယ်လုပ်မှာလား လာပါ လုပ်လိုက်ပါ အချစ်ရယ်"

အမျိုးသမီးရှက်နေမှန်းသိလို့ တမင်စနေလေရဲ့...

"တော်တော်ဖြစ်နေတာလား ဒေါ်နှင်းသက်လျာ"

"အား...နာတယ်လေ အချစ်ရဲ့...စတာ မောင်ကစတာ‌..."

ဗိုက်ကြောပြတ်တော့မည့်သက်လျာ ဒါတောင် မျက်နှာကပြောင်စပ်စပ်နဲ့....

"လာ...အထဲဝင်မယ်...အပြင်မှာအေးလာပြီ"

"မောင့်သခင်မရဲ့ အမိန့်တော်အတိုင်းပါပဲဗျာ"

မကြွေကြွေအောင်ခြွေနေသော ထိုကလေးမလေးအား ‌အချစ်ပိုရပြန်ပြီလေ...

"အချစ်!"

အိပ်နေရင်းပင် ဘာမပြောညာမပြောနဲ့ ထခေါ်လိုက်လေသည်...

"ဖြေးဖြေးခေါ်ပါမောင်ရယ်...တို့က မောင့်ရင်ခွင်ထဲမှာပါ...ဘယ်လိုဖြစ်လို့လဲ နားတွေလဲ ကွဲထွက်တော့မယ်"

သက်လျာအား မော့ကြည့်ကာ မျက်စောင်းလေးမခို့တရို့ထိုးကာပြောနေသည်မှာ အသဲယားစရာအမျိုးသမီး...

သူမသည်သာ💖(Ongoing)Where stories live. Discover now