"ဒုန်း!"
"ဟယ် တိုက်သွားပြီ!လာကြဟေ့!"
စားသောက်ဆိုင်ရှေ့ ကားလမ်းမထက်၌ လူတရုံးရုံးဖြင့်ပြည့်လျှက်...ဓာတ်ပုံရိုက်သူကရိုက်...Live လွှင့်သူကလွှင့်လျက်...(This is Myanmar county)
စားသောက်ဆိုင်အတွင်းတွင်...
"မြခက်...နင်အရမ်းရက်စက်တယ်လို့မထင်ဘူးလား"
"အက်တာငါ့ကိစ္စပါ ထိပ်ထား"
"အေး!နင့်ကြောင့်မလို့ ငါသူ့က်ိုလက်လွှတ်ခဲ့တာ အခုတော့ ငါနင့်ကိုထောက်စရာမလိုတော့ဘူး ကျေးဇူးပဲသူငယ်ချင်း"
"ဘာ! ထိပ်ထား...နင် နင်..."
"ဟုတ်တယ်...အခုကစပြီး သူကငါ့အပိုင်ပဲ...ထပ်ပြောလိုက်မယ် နှင်းသက်လျာက ထိပ်ထားနွယ်အပိုင်!"
လက်ကိုင်အိတ်ကို ဘယ်ဘက်လက်ကောက်ဝတ််မှာချိတ်လို့ မာန်ပါပါဖြင့်ပြောနေပုံက ထိပ်ထားနွယ်ရဲ့မူ...
"ဘာတွေဖြစ်ကုန်ကြတာလဲ...ဘာတွေဖြစ်ကုန်ကြတာလဲလို့!"
အရူးမီးဝိုင်းသကဲ့သို့ ဒေါ်မြခက်ချယ်တယောက် သူ့အကွက်နဲ့သူ ချောင်ပိတ်မိနေပြီ...
"သက်လျာ!"
ဒေါ်ထိပ်ထားနွယ်တယောက် မြင်လိုက်ရသောမြင်ကွင်းက သွေးလန့်စရာ...
ဆိုင်အတွင်းရှိ လူများလဲပြေးထွက်လာကြသည်
ဒေါ်မြခက်ချယ်နှင့်သူ့အကိုပါမကျန်..."မောင်!"
မချစ်ဘူးတဲ့ မုန်းတယ်တဲ့ပြောခဲ့သူရဲ့ နှုတ်ဖျားက ထွက်ကျလာတဲ့ နာမ်စားတခု....
"မောင် ...ဘာမှမဖြစ်ရဘူးနော်...မောင်ရေ အန်တိီခေါ်နေတယ်လေ...မောင််လို့"
လူအုပ်ထဲအတင်းတိုးဝင်ကာ ချစ်ရသူက်ို ရင်ခွင်ထဲထည့်လျက်...ဒေါ်မြခက်ချယ်...
သက်လျာစားသောက်ဆိုင်ထဲမှအထွက် မျက်ဝန်းထဲတွင် မျက်ရည်များပြည့်လျှံနေကာ...နားထဲတွင်လည်း "မင်းကို မချစ်ခဲ့ဖူးဘူး" လို့ပြောခဲ့သည့် ချစ်ရသူရဲ့ အသံသာစိုးမိုးလျက် ကားဟွန်းသံတောင် မကြားနိုင်....
"အန်တီ...မ...ငိုပါနဲ့နော်...ဒီနေ့က ...မောင်တို့ရဲ့.....Anni..anniversary နေ့မို့...မောင့်...မောင့်ချစ်သူလေး...မျက်ရည်..မကျနဲ့နော်..."
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖