ခြူးသဉ္ဇာတယောက်ပြသနာဖြစ်တဲ့ ညထဲက ပျောက်သွားတာ အစတောင်ရှာမတွေ့။
"Kei စုံစမ်းခိုင်းတာသိရပါပြီဗျ"
Hotel ခန်းရှိ sofa ခုံတွင် laptop တလုံးဖြင့်အလုပ်ရှုပ်နေသူမှာ ကြားလိုက်ရတဲ့စကားကြောင့် ကီးဘုတ်ပေါ်က လက်ချောင်းတို့ ရပ်တန့်ကာ Hana အားကြည့်မိသည်။
"ဒေါ်မြခက်ချယ်က အသက်ငယ်ငယ်မိန်းကလေးတယောက်နဲ့ အိမ်ထောင်ကျနေတယ်တဲ့ ပြီးတော့ ကောင်မလေးက နှိပ်စက်နေတယ်လို့တော့ ကြားတယ် kei"
"ဘာ!"
Hana ဆက်မပြောသေးဘဲ Kei ကိုကြည့်မိသည်။ စားပွဲခုံပေါ်ရှိသူမလက်များကို ကျစ်နေအောင်ဆုပ်ထားကာ အကြောများပင်ထောင်နေသည်။
"နောက်ပြီးတော့ အဲ့ကောင်မလေးနဲ့လက်ထပ်ပြီးတော့ သူ့စီးပွါးရေးတွေပါ ထိုးကျသွားတယ်တဲ့"
Kei ပြုံးမိသည် ထိုတချက်ကြောင့် ပြုံးမိသည် ထိုအပြုံးသည် အသက်ပါလွန်းသည် ဒီလိုမပြုံးတာကြာခဲ့ပေါ့
"ကျေးဇူးပဲ Hana ငါ့ကို သူနဲ့လက်ထပ်ထားတဲ့ တယောက်အခုဘယ်မှာရှိလဲဆိုတာ သိချင်တယ် ပြီးတော့ ငါသူ့ကိုတွေ့ချင်တယ် မင်းနားလည်တယ်မလား"
သူတို့ရဲ့ ပတ်သက်မှုကို Hana တကယ်မသိပါဘူး ဒါပေမဲ့ Kei ရဲ့စကားအသွားအလာကိုကြည့်ခြင်းအားဖြင့် Kei နဲ့ ဒေါ်မြခက်ချယ်တို့ကြား အကြောင်းတခုခုရှိတယ်ဆိုတာ ရိပ်မိ၏။ဘာကြောင့်ဆို ဒေါ်မြခက်ချယ်သည် lesbian တယောက်ဆိုတာ စုံစမ်းရင်းသိခဲ့ရသလို Keiko သည်လည်း lesbian တယောက်ဖြစ်န်ိုင်သည်။
မခေါ်ဖြစ်တာ ၁ နှစ်ကြာပြီဖြစ်သော ဖုန်း contact လေးတခုအား အချိန်ကြာကြာကြည့်နေပြီးမှ နှိပ်လိုက်မိသည်။
"ဟဲလို"
ဒေါ်မြခက်တယောက် အရှုံးပေါ်နေသော company အားအဖတ်ဆယ်ရန် ရှယ်ယာရှင်များနှင့် zoom meeting ထိုင်နေသည်။ထိုအချိန် ဖုန်းလာ၍ contact အားကြည့်လိုက်ကာ ငြိမ်သက်သွားခဲ့သည်။
"ဟဲလို ပြောပါရှင့်"
ဘယ်လောက်ကြားကြားမဝနိုင်သော ထိုအသံလေးသည် ယခုအခါတော့ အားပျော့လို့ပါလား။
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖