ချမ်းအေးလှသည့် မေမြို့ဆောင်းရာသီနှင့်အတူ သူမ၏ အိပ်ခန်းလေးထဲတွင် ပုစွန်ထုတ်လို ကွေးနေသော သူမအား အသံတခုကြောင့် နိုးထစေခဲ့သည်...
"နှင်းသက်လျာ ရေ အခုထိမနိုးသေးဘူးလား" မနက်ခင်းနေတောင် အရှုံးပေးရမည့် အိပ်ခြင်းနဲ့ အိပ်နေသော သူမအား လှမ်းနိုးသော သူမ၏ မိခင်...
"ကဲ မနက်ခင်းတေးသံသာ စပါပီ ... နိုးနေပါပီ မေကြီးရယ် အရမ်းအော်တာပဲ လူကို..."
"အေး...နိုးရင်လဲ အောက်ဆင်းခဲ့ ဖေကြီးက မနက်စာစားဖို့ စောင့်နေဝာယ်"
သူအော်ကိုယ်အော်နဲ့ သားမိနှယောက် မနက်ခင်းကို အစပြုနေသည်...
"သမီးလေး ဒီနေ့ ညရန်ကုန်သွားရမယ် မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ နောက်ကျအောင် အိပ်နေရတာလဲ" အဖေဖြစ်သူမှ လေပြေလေအေးနဲ့ ဆုံးမ ဩဝါဒတွေခြွေတော့သည်...
"ဟဲလို ဟုတ်ကဲ့ဗျ Paradise Hotel ကလားဗျ"
"ဟုတ်ပါတယ်ရှင့် ဘာများအကူအညီ ပေးရမလဲရှင့်"
"Hotel ဘိုကင်ယူချင်လို့ပါဗျ တယောက်ခန်းတခန်းပါဗျ အခန်းရောရသေးလားဗျ ဒီ ဟိုတယ် အသစ်ဖွင့်တာ မကြာသေးဘူးလို့ပြောလို့ပါဗျ"
"ဟုတ်ကဲ့ အခန်းလွတ်ရပါသေးတယ်နော် ဘယ်နေ့လောက်လာမလဲရှင့် "
"ကျွန်တော်ဘိုကင်ယူထားလိုက်မယ်ဗျ"
တဖက်တွင်လည်း....
"မမရေ...မမ မနက်စာအဆင်သင့်ဖြစ်ပါပီရှင့်"
"ဟုတ်ပီ တို့ဆင်းလာခဲ့မယ်နော် အောက်မှာပဲစောင့်နေလိုက်တော့.."
သကာရည်လို ချိုမြစွာ ပြောနေသော ဒေါ်မြခက်ချယ်....
"မြခက် လာလေ ကိုကိုကြီး စောင့်နေတယ် ... "
"ဟုတ်ဟုတ် လာပီ ကိုကိုကြီး ဒီနေ့ hotel အသစ်ဖွင့်ပွဲ သွားရမယ်နော် အက်တာ နေ့ခင်းလောက် ဦးမောင်ဦးကို ကားလွှတ်ပီး ခေါ်ခိုင်းလိုက်မယ်နော် ကိုကိုကြီး"
ရန်ကုန် တမြို့လုံးရှိ hotel တိုင်း လက်ညှိုးထိုးမလွဲ၍ ပိုင်ဆိုင်သူ ဒေါ်မြခက်ချယ် တို့ မောင်နှမ...
ငယ်ငယ်ထဲက အကိုဖြစ်သူလက်ထဲတွင် ကြီးပြင်းလာရသူမို့ အကိုကြီးအား သံယောဇဉ်အရမ်းကြီးသူ
YOU ARE READING
သူမသည်သာ💖(Ongoing)
Roman d'amourသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖