ဒေါ်မြခက်ချယ် ပို့ထားသောစာအားကြည့်ကာ 15 မိနစ်လောက် ထပ်ပြီးငြိမ်ကျသွားသည်....
"အချစ် ဘယ်သူ့ဆီက ပို့တာလဲလို့..."
"မဟုတ်ပါဘူး ဒီမှာကြည့် telenor ကပို့တာပါ"
"အော်...အင်းပါ အချစ်ကလဲ ဘာမှမပြောတော့ မောင်ကဘယ်သူ့ဆီကလဲလို့စိတ်ပူသွားတာ"
မန္တလေးဆောင်းဆိုတော့ မိုးချုပ်လာလေအေးလာလေဖြစ်သဖြင့် နှယောက်သား အိမ်ပြန်လာကြတော့သည်...
"အချစ် အခန်းထဲဝင်နှင့်နော်...မောင် ဖေကြီးတို့နဲ့ စကားပြောလိုက်အုံးမယ်"
အခန်းရှေ့ထိလိုက်ပို့ကာ ဦးသက်အောင်တို့ အခန်းဆီသို့ ခြေဦးလှည့်ခဲ့သည်...
"ဒီမှာ!မင်းဘာဖြစ်လို့ အက်စာကိုပို့ရတာလဲ မင်းမှာ ဘာသက်သေရှိလို့လဲ"
သက်လျာဖုန်းထဲသို့ ဝင်လာသော message မှ ဖုန်းနံပါတ်အား မျက်လုံးဖြင့် ဓာတ်ပုံရိုက်ခဲ့လေခြင်း...
"အိုးနောက်ဆုံးတော့ လွမ်းနေတဲ့ အသံကြားရပြီပေါ့..."
"မင်းငါ့ကိုပြော မင်းဘာဖြစ်လို့ အဲ့ဒိစာကိုပို့ရသလဲ"
"အိုး...ဟိုး အန်တီရယ် စိတ်ကိုလျှော့ပါ အဲ့လောက်စိတ်မဆိုးရဘူးလေ မျက်နှာလှလှလေးမှာအရေးအကြောင်းတွေပေါ်လာပါအုံးမယ်.."
ခနဲ့သလိုရွဲ့သလိုနဲ့ ဒေါ်မြခက်ချယ်အား စကားနာထိုးနေလေသည်မှာ...
"ဒီမှာ မင်းဘာဖြစ်ချင်တာလဲ မင်းဘာလိုချင််တာလဲပြော ဒီလိုစာမျိုး နောက်တကြိမ်သူ့ဆီကိုမပို့နဲ့ မင်းဖြစ်ချင်တာ ငါအကုန်လုပ်ပေးမယ်"
"ဒေါ်မြခက်ချယ်....ဒေါ်မြခက်ချယ် အန်တီက အန်တီ့သရုပ်မှန်ပေါ်သွားမှာစိုးလို့ ကြောက်နေတာလား ဒါမှမဟုတ် သူ့ကို တကယ်ချစ်သွားတာလား ဟင်"
"မင်းမဆိုင်တာတွေမမေးနဲ့ မင်းဖြစ်ချင်တာကိုပြော ငါဘာလုပ်ပေးရမလဲ"
"ကောင်းပြီလေ..."
"ကျွန်မဖြစ်ချင်တာက ကျွန်မ အန်တီ့ကိုလိုချင်တယ် ဒေါ်မြခက်ချယ်ဆိုတဲ့ အမျိုးသမီးဟာ ကျွန်မအပိုင်ပဲဖြစ်ချင်တယ်"

YOU ARE READING
သူမသည်သာ💖(Ongoing)
Romansသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖