"ဟဲလို ဖေကြီးရေ သင်တန်းကြေးသွင်းရမှာမလို့လေ..မီးကိုပိုက်ဆံပို့ပေးလိုက်ပါအုံးနော်..."
သင်တန်းပီးတာနဲ့ ဖုန်းဆက်ရမယ့်သူဆီမဆက်ဖြစ်တော့ပေ။လမ်းရောက်မှသတိရကာ..
"Mei...ဒီကိုဘယ်ကနေဘယ်လိုရောက်လာတာလဲ"
"စကားမများနဲ့ ကားပေါ်တက်"
သက်လျာထံသို့ ဒေါ်မြခက်ချယ်ရဲ့ မျက်စောင်းဟာ ဒိန်းကနဲ။၄ နာရီအတိထဲက ဖုန်းခေါ်နေတာ လိုင်းမအားသေးဘူးပဲ ပြောနေတော့ စိတ်မရှည်တော့ပေ။အရင်ဆုံးဖုန်းခေါ်စေချင်တာမခေါ်တော့ စိတ်ဆိုးမိသည်။
"Mei...မောင့်ကိုစကားလေးပြောပါအုံးနော်"
တလမ်းလုံးစကားတခွန်းမှမဟလေတော့ သက်လျာနေရခက်သည်။
"မောင့်ကိုစိတ်မဆိုးနဲ့လေနော်.. မောင်က...ေမာင်က သင်တန်းကြေးပေးရမှာမို့ ဖုန်းဆက်ပြီးတောင်းနေတာပါ"
သက်လျာရဲ့ အသံမှာ တုန်ရီနေလေသည်။အမျိုးသမီးအားမကြည့်ပါပဲ ခေါင်းငုံ့ကာပြောနေလေရဲ့။
"ကျွန်မကို ခေါင်းမော့ပြီးသေချာရှင်းပြပါမောင်.."
သွေးအေးသူပီပီ စကားအစရှာတတ်သည်။လမ်းဘေးတနေရာ၌ ကားကိုရပ်ပီးပြောလေသည်။သက်လျာဘက်ကိုေတာ့ တချက်တောင်လှည့်မကြည့်ဖြစ်။
"ဒီနေ့ Founder က သင်တန်းကြေးကို သဘက်ခါနောက်ဆုံးထားပြီး ပေးရမယ်ဆိုလို့ပါ...အက်တာ အိမ်ကိုဖုန်းဆက်ပြီး အရင်လှမ်းပြောမိတာပါ...မောင်..မောင် အဆောင်ပြန်ရောက်ရင်မေ့သွားမှာစိုးလို့ပါ..."
တုန်ရီနေသောအသံကနေ ရှိုက်သံပါသောအသံသို့ ပြောင်းသွားချေပီ။
"ဘာလို့ငိုနေတာလဲမောင်ရယ်...ကျွန်မမေးတဲ့မေးခွန်းက မောင့်အတွက် ငိုစေချင်ခဲ့မိတာလား.."
"မောင်က အန်တီစိတ်ဆိုးမှာကြောက်တာပါ..အန်တီစကားမပြောရင် မောင်မနေတတ်ဘူး..မောင့်ကိုအော်လို့ရတယ် ဆူလို့ရပါတယ် ဒါမဲ့...ဒါမဲ့ စကားမပြောဘဲတော့မနေပါနဲ့နော်...မောင်တောင်းပန်ပါတယ်ကွာ..နော်.."
ဒေါ်မြခက်ချယ်၏ ရင်ခွင်ထဲသို့ကလေးတယောက်သဖွယ် တိုးဝင်လာသော သက်လျာအား ပွေ့ဖက်ထားမိသည်။
YOU ARE READING
သူမသည်သာ💖(Ongoing)
Romanceသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖