"အန်တီထိပ်ထား သက်လျာဒီမှာ"
ဆိုင်ထဲသို့ဝင်ဝင်ချင်း မျက်စိကစားကာလိုက်ရှာနေသော ဒေါ်ထိပ်ထားနွယ်အား သက်လျာလက်ပြကာ ခေါ်လိုက်လေသည်....
"သမီးရောက်နေတာကြာပြီလား အန်တီကားလမ်းပိတ်နေလို့ကွယ်"
သက်လျာနဲ့မျက်နှာချင်းဆိုင်ခုံတွင်ထိုင်ကာ ရှင်းပြနေသည်....
"ရပါတယ်အန်တီ"
"ထိုင်ပါ ဘာစားမလဲအန်တီ တခုခုမှာပေးမယ်လေ"
"watermelon juice ပဲမှာပေးနော်"
သက်လျာ Waiter ကိုခေါ်ကာ ဒေါ်ထိပ်ထားနွယ်မှာတဲ့ အအေးအပြင်စားစရာများပါ မှာလိုက်သည်...
"ကဲ ပြောသမီး မြခက်ဘာတွေလုပ်နေပြန်ပီလဲ"
"သူဘာမှမလုပ်ပါဘူးအန်တီ ဒါပေမဲ့ သူနဲ့သက်လျာတို့ ချစ်သူဖြစ်လာတာ 1 နှစ်ကျော်နေပြီလေ သူ့ဘက်ကသွေးအေးလာတယ်ထင်လို့ပါ"
ကော်ဖီမကြိုက်တဲ့ သက်လျာတယောက် ကော်ဖီတငုံချင်းငုံကာ ပြောနေတော့သည်...အေးတိအေးစက်ဖြင့်သာ...
"သမီး သက်လျာ မြခက်ကအက်လိုပဲသမီးရယ် အန်တီလဲသူ့ကိုပြောပြပေးပါ့မယ်နော်"
ဒေါ်ထိပ်ထားနွယ်မှာ အရာရာကိုသိသူပီပီ မျက်နှာပျက်နေသည်မှာ သိသာလွန်းနေသည်....
"ဪ အန်တီရယ် ထားလိုက်ပါတော့ မုန့်တွေစားပါအုံးနော် ပြီးရင် သမီးပြန်လိုက်ပို့ပေးပါမယ်"
ဒေါ်မြခက်ချယ်တယောက် သက်လျာကိုအဆက်အသွယ်မလုပ်တာ 10 ရက်ထက်မကရှိနေလေသည်....
"ဟူး..."
အဆောင်ရှေ့က ခရေပင်ကြီးအောက်တွင်ထိုင်ကာ ဆန်းထွဋ်ပြောပြသမျှကို တွေးကာသက်ပြင်းတချချနှင့်ပင်....
"ဘာပဲဖြစ်ဖြစ်လေ အတိတ်ကိုအတိတ်မှာပဲ ထားခဲ့တာကောင်းပါတယ်လေ ဒါပေမဲ့ အန်တီက ငါ့ကိုဘာဖြစ်လိုအဆက်အသွယ်မလုပ်ရတာလဲ"
တယောက်ထဲတီးတိုးစွာပြောနေတော့သည်
"ငါ့မှအန်တီ့ဆီမသွားတာ သက်လျာရယ် ရူးပါကွာ ဟားဟား...."
အရူးတော့အရူးပဲအချစ်ကြောင့် ရူးနေတာ ယဉ်ယဉ်လေးပေါ့....
"Hello မောင့်အချစ်လေး morning"
YOU ARE READING
သူမသည်သာ💖(Ongoing)
Romansaသူမသာ ဘေးနားရှိရင် ငရဲလမ်းဖြစ်စေကာမူ မောင်ရဲရဲကြီး ဖြတ်လျှောက်ရဲတယ်....💖