Part-23

328 34 2
                                    

"ဟူး....ပင်ပန်းလိုက်တာ" ကုတင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်တော့သည်။

ကုမ္ပဏီမှအပြန်အိမ်သို့ရောက်ရောက်ချင်း ဒေါ်မြခက်ချယ် သူမ၏အိပ်ခန်းဆီသို့ တည့်တည့်မတ်မတ်ပင် ဝင်သွားတော့သည်။

"ဒီမှာ...ဧည့်ခန်းမှာ ကျွန်မထိုင်နေတာ မမြင်တာလား မမြင်ချင်ယောင်ဆောင်တာလား အန်တီ ဒေါ်မြခက်ချယ်ရှင့်..."

အခန်းတံခါးအားမှီကာ သူ့ကို အဖတ်မလုပ်သော မိန်းမအား ခပ်ရွဲ့ရွဲ့မေးနေသူမှာ အခြားသူမဟုတ် ဒေါ်မြခက်ချယ်ရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ ခြူးသဥ္ဇာပင်။

"တို့ အနားယူနေတာ မင်းမတွေ့ဘူးလား နဲနဲလေးတော့ respect ရှိစမ်းပါ မင်းကတကယ့်စရိုက်ပဲ ခြူးသဉ္ဇာ...မောင်နဲ့များ...."

"ဘာ!"

မှားသွားပြီ သူရှေ့မှမောင့်နာမည်ထွက်ရတယ်လို့  အားရပါးရပြန်ပြောပီးထိုအနားရောက်မှ ရပ်တန့်သွားသည်။

"ဆက်ပြောလိုက်စမ်းပါ!ဘာလဲ ကျွန်မနဲ့သူနဲ့က ဘာလို့ယှဉ်မရရမှာလဲ!ဟား...ဟား...ဟား"

အရူးတယောက်လိုအော်ရယ်ကာ ဒေါ်မြခက်ချယ်ရဲ့ မထိရက်မကိုင်ရက် မျက်နှာနုနုလေးအား တရကြမ်းကိုင်ပြီး စိတ်ဝေဒနာသည်လိုပင်။

"ကျွန်မက သူ့ထက် အရာရာမှာသာတယ်!အခုလဲသာတယ် သူမခူးနိုင်တဲ့ ပန်းက်ို ကျွန်မ ဆွတ်ခွင့်ရပြီ အခုခူးရတော့မယ်! ဟား...ဟား...ဟား..."

ဒေါ်မြခက်ချယ်ထိုင်နေရာ ကုတင်ပေါ်သို့လာကာ ရုန်းကန်ကြရင်း ဒေါ်မြခက်ချယ်ရဲ့ လက်ကောက်ဝတ်နှစ်ဖက်အား ဆုပ်ကိုင်ကာ

"လွှတ်စမ်း ! ခြူးသဉ္ဇာ ငါ့ကိုလွှတ်စမ်း!"

ရုန်းကန်ပေမဲ့ အားချင်းက ဘယ်နေရာမှ ယှဉ်လို့မရတဲ့အဆုံးတော့....

"ဗုန်း..!ဗုန်း..!"

"ဟဲ့ မြခက် ဘာဖြစ်နေကြတာလဲတံခါးဖွင့်စမ်း"

မချစ်တဲ့သူလက်ထဲ ပေးရတော့မယ်အချိန် ကိုကိုကြီးကို ကျေးဇူးတင်မိသည်။

"ကိုကိုကြီး! ကိုကိုကြီး!"

အပေါ်ပိုင်းဗလာကျင်းဖြစ်အောင် စုပ်ဖြဲခံထားရသော်လည်း အော်ဟစ်နေမိသည်။

"ကျစ် ! ဒီအဘိုးကြီးကတော့ကွာ! ခင်ဗျားပါးစပ်ကိုပိတ်ထား ဒေါ်မြခက်ချယ်!"

"တောက်!"

ကျယ်လောင်သော တောက်ခေါက်သံနှင့်အတူ အခန်းပြင်သို့ထွက်သွားလေသည်။

"ငါဝင်လာလို့ရလား မြခက်"

ခြူးသဥ္ဇာထွက်လာတဲ့ပုံကိုမြင်ပြီး ရိပ်စားမိကာ ညမဖြစ်သူအား စိတ်ပူစွာမေးမိသည်။

"ဟုတ်ကိုကိုကြီး ခနလေးနော်"

ညဝတ်င်္အကျီတထည်အား ဗီရိုထဲမှထုတ်ကာ ဝတ်ပြီးသည်နှင့်...

"ကိုကိုကြီး ဝင်လာလို့ရပီနော်"

စကားဆုံးသည်နှင့် အကိုဖြစ်သူလဲ အခန်းထဲသို့ ဝင်လာကာ အခန်းတံခါးလော့ချပြီး ဆိုဖာခုံတွင်
ထိုင်လိုက်ကာ

"မြခက် ဒီစကားကို အခုမှ ငါမပြောရင် ငါအသေဖြောင့်မှာမဟုတ်ဘူး အေး ပြီးတော့ နင်တို့ အိမ်ထောင်ရေးကလဲ အမှန်မဟုတ်ဘူးဆိုတာ ငါသိတယ် ငါဘာမှမပြောဘူးလို့နေတာ အခုတော့"

ဒေါ်မြခက်ချယ် အကိုဖြစ်သူပြောမယ့်စကားအား ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေကာ...

"နင့်အပေါ်ကို တကယ်ချစ်ခဲ့တဲ့သူကိုမှ နင်က ရက်စက်ခဲ့တာကိုး"

ဆေးလိပ်ဘူးထဲမှ ဆေးလိပ်လေးကိုထုတ်ကာ မီးညှိရင်း ပြောပြနေတော့သည်။

"ငါ့ညမထင်ထားသလို နှင်းသက်လျာဆိုတဲ့ ကလေးမလေးဟာ ဆန်းထွဋ်ရဲ့ တူမအရင်းမဟုတ်ဘူး"

"ဘာ! ဘယ်လို! ကိုကိုကြီး မြခက်နားလည်အောင်ရှင်းပြစမ်းပါ"

"အေး ငါ့ညမနဲ့ပတ်သက်နေထဲက ငါစုံစမ်းထားတာ ပြီးတော့ ထိပ်ထား ထိပ်ထား သူလဲသိနေတယ်"

"သွားပြီ ငါမှားသွားပြီလား မောင်ရယ် မောင်က တကယ်ပဲ သူ့သွေးသားမဟုတ်ခဲ့ဘူးလား"

ထိုစကားတွေကိုတော့ ကိုကိုကြီးကြားနိုင်တော့မည် မထင်ပါ...မြခက်အတွေးထဲ ရောက်ယက်ခတ်နေပြီ

"မြခက်...အမှားကိုသိရင်အမှန်က်ိုပြင်ဖို့မခက်ပါဘူး အချိန်ရှိသေးတယ် ညမလေးရယ် အမှားတွေထပ်မလုပ်နဲ့တော့...ကဲ ကိုကိုကြီးသွားတော့မယ် ဟိုတယောက်ကိုလဲ ကြည့်ရှောင်ပေါ့ဟာ"

အကြောင်းစုံကိုပြောပီး ဆုံးမစကားပြောကာ ထွက်သွားတော့သည် အကိုကြီးပီသပါပေတယ်

"မောင်ရယ် ဘာလို့လဲဟင် မောင်လဲသိနေခဲ့တာလား ထိပ်ထား ထိပ်ထားလဲသိနေတယ်တဲ့ မောင်ရယ် နောင်တတွေရပါပီ"

တယောက်တည်း ရှိုက်ငိုကာ ပြောနေမိသည့် ထိုစကားများကိုတော့ ဘယ်သူမှကြားမည်မဟုတ်ပါ...သနားစရာခေါင်းအုံးလေးခဗျာတော့ မျက်ရည်တွေရွှဲရောပေါ့....

#18.5.2023💙

သူမသည်သာ💖(Ongoing)Where stories live. Discover now